Hacker တဲ့ဗျာ။
ကြားဖူးနေတာကြာပါပြီ။
ဟိုလူလဲ Hacker ဒီလူလဲ Hacker တဲ့ကြားနေရတာကတော့တကယ်ပဲ Hacker
တွေကျနော့ပတ်ဝန်းကျင်မှာ များလှချေလားပေါ့။ Hacker
တွေကိုဘယ်သူကဘာဆိုတာသတ်မှတ်ချက်တွေကောရှိလိမ့်မယ်ထင်ပါတယ်။
ကျနော်သိသလောက်ကတော့ Hacker ဆိုတဲ့လူတွေကအေးအေးဆေးဆေးနဲ
့နည်းပညာရပ်တစ်ခုကို အရူးအမူးလေ့လာနေတဲ့လူတွေ လို့ ပဲသတ်မှတ်ပါတယ်။ (
ဒါကကျွန်တော့်သတ်မှတ်ချက်နော်) တကယ်တမ်းနည်းပညာ အသိုင်းအ၀ိုင်းမှာ
နည်းပညာအသစ်တစ်ခုထွက်လာပေမယ့် သူ့ နောက်ကွယ်က အားနည်းချက်ဆိုတာက ရှိစမြဲပါ။
အဲဒီအားနည်းချက်တွေကို သူတို့ ကလိုက်ရှာပြီးတော့ဖြည့်ဆည်းကြတယ်။ တစ်ချို
့ကလည်းအပျော်သဘော တစ်ချို့ ကလည်း တကယ့်အပီအပြင်။ တစ်ချို့ ကလဲ
ရွက်ပုန်းသီး။ တစ်ချို့ ကလဲ အာကျယ်အာကျယ်ပေါ့ဗျာ။ ဒါပေမယ့်ပေါ့လေ
ကြားရသလောက်က Hacker ဆိုတဲ့လူတွေကကိုယ့်ကိုယ်ကို ကျနော် Hacker လို
့ပြောသံတော့မကြားရဘူးခင်ဗျ။ ကျနော့ပတ်ဝန်းကျင်မှာတော့ Hacker
ဆိုတဲ့စကားသံကို တော်တော်ကြားနေရပါတယ်။ အဟဲ :D သူတို့ တွေကလည်းတော်ကြတာကိုး
!! ဒါပေမယ့်ပေါ့ဗျာ။ ကျနော်သိသလောက် Hacker လို့ သတ်မှတ်ရမယ့်သူထက်
Chatker လို့ သတ်မှတ်ရမယ့်လူတွေပဲများပါတယ်။ ဟိဟိ (
ဘော်ကယ်များစိတ်မဆိုးကြေးနော်။ ) အဲဒါနဲ့ နောက်တစ်ခုက Cracker တဲ့ဗျ။ သူတို
့မှလည်း ကောင်းကျိုးဆိုးကျိုးလေးတွေတော့ရှိကြပါတယ်။
ကဲဒီတစ်ခါလာပါပြီ။ အဓိကက Hacker ကို ၃ မျိုးခွဲထားကြပါတယ်။
1. White Hat ( နည်းပညာရဲ့ လိုအပ်ချက်များကိုဖြည့်စွမ်းပေးသူ ။ စေတနာရှင် / ပညာရှင်များ /
Hero တွေပေါ့ဗျာ)
2. Black Hat ( နည်းပညာရဲ့ အားနည်းချက်များကိုအခွင့်ကောင်းယူပြီးအနှောင့်အယှက်ပေးသူ / ခြိမ်းခြောက်သူ
)
3. Grey Hat ( နည်းပညာရဲ့ အားနည်းချက်များအပေါ် သူ့ စိတ်ကြိုက် ဖြူချင်ဖြူ ဒါမှမဟုတ် နက်ချင်နက်သူ )
ဒီလိုနဲ့ အဖြူရောင် Hacker လို့ သတ်မှတ်ခံထားရတဲ့ ကမ္ဘာကျော် White Hat တွေကို
ဖော်ပြပေးပါမယ်။
1.Stephen Wozniak
သူကတော့ White Hacker ရဲ့ No.1ပါ။ Apple company ကြီးရဲ့ နောက်ထပ် Steve လို
့လူသိများတဲ့ပညာရှင်တစ်ယောက်ပါ။
သူက နိုင်ငံတော်ကနေပေးတဲ့ နည်းပညာဆု။ ကတ်တရင်းတက္ကသိုလ်နဲ့ နိုဗာအရှေ့ တောင်ပိုင်းတက္ကသိုလ်
ကပေးတဲ့ဂုဏ်ထူးတောင် ပါမောက္ခဆုတွေကိုလည်းရရှိထားပြီး။ စက်တင်ဘာ 2000 မှာ
National Inventors Hall of fame ဆုကိုလည်းရရှိထားပါတယ်။ Blue box ဆိုတဲ့
ရပ်ဝေးကိုဖုန်းဆက်ရင် ဖုန်းအလိုလိုပိတ်တဲ့စနစ် နဲ့ Hacker
ဘ၀ကိုစတင်ခဲ့ပါတယ်။ ကားရောင်းပြီးတော့ Apple I ကွန်ပျူတာ
လေးတွေကိုထုတ်လုပ်ခဲ့ပါတယ်။ ခုတော့ ပရဟိတလုပ်ငန်းတွေ လိုက်လုပ်ပေးနေတဲ့
သူတော်ကောင်း Hacker တစ်ယောက်ပါ။
2. Tim Berners-Lee
သူကတော့ WWW ဆိုတဲ့ World Wide Web ကိုတီထွင်ခဲ့တဲ့သူတစ်ယောက်လို
့နာမည်ကြီးတဲ့ပညာရှင်တစ်ယောက်ပါ။ သူ့ တီထွင်မူ့ ကြောင့် အခုဆို၇င်
www.ဘာညာ ဆိုပြီးတော့သုံးလာရတာပေါ့။ ထောင်စုနှစ်နည်းပညာဆု ကိုဆွတ်ခူးထားတဲ့ပညာရှင်ပါ။
သူငယ်ငယ်တုန်းက အောက်စ်ဖို့ ဒ် တက္ကသိုလ်မှာသူငယ်ချင်းတွေရဲ
့ကွန်ပျူတာတွေထဲကို ခိုးဝင်လွန်းလို့ သူ့ ကိုကွန်ပျူတာမသုံးရဘူးဆိုပြီး
ပိတ်ပင်ထားခဲ့ရပါသတဲ့။ နောက်တစ်ခုကတော့တက္ကသိုလ်မှာတုန်းက
တယ်လီဗေးရှင်းဟောင်း ။ သံဂေါက်တံ။ သွပ်ပြားချပ် ။ M6800 processor တို့ နဲ
့ကိုယ်ပိုင်ကွန်ပျူတာကိုတီထွင်ခဲပါသတဲ့။သူတည်ထောင်ထားတဲ့ W3C အဖွဲ့ ဟာ
အချိန်ပြည့်ဝန်ထမ်းတွေနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေအပြင် Web ဖွံ
့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပါတယ်။
3.LInus Torvalds
သူကတော့ Linux ရဲ့ ဖခင်ကြီးပါ။ သူ့ ကိုယ်သူ အင်ဂျင်နီယာ လို
့ပဲခေါ်ပါတယ်။ သူ့ ရည်မှန်းချက်ကရှင်းရှင်းလေးပါ။ " ဒီသောက်သုံးမကျတဲ့
operating system ကိုကျွန်တော်က အပျော်သဘောနဲ့ ထွင်ခဲ့တာ " တဲ့ဗျာ။ Linux
ရဲ့ ဂိုဏ်းချူပ်ဘ၀နဲ့ နေပြီး မည်သည့်ပရိုဂရမ်ကိုမဆို အားလုံး
အကျိုးအတွက်တီထွင်နိုင်စွမ်းရှိအောင် အကူအညီပေးနေပါတယ်။ သူရဲ
့စွမ်းဆောင်ချက်တွေကြောင့် စတော့ဟုမ်းတက္ကသိုလ်နဲ့ ဟယ်ဆင်ဆီ တက္ကသိုလ်တို့ က
ဂုဏ်ထူးဆောင်ပါရဂူဒေါက်တာဘွဲ့ ကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Times
Magazine ကလည်း "60 Years of Heroes " ဆိုပြီး သူ့ ကိုဂုဏ်ပြုခဲ့ပါတယ်။
နောက်ထပ် White Hat ( White Hacker) တွေအများကြီးရှိပါသေးတယ်။
ဒီတစ်ခါတော့ လာပြန်ပြီပေါ့
Black Hat တွေ
1. Jonathan James
သူကတော့လူပျိုပေါက်ကတည်းက နားမည်ဆိုးနဲ့ ကျော်ကြားပြီးထောင်နန်းစံခဲ့ရပါတယ်။ အင်တာဗျူးတစ်ခု မှာသူပြောတာက "
ကျွန်တော်က ၀န်းကျင်ကိုကြည့်တယ်။ ကစားရမှာကိုကြည့်တယ်
တစ်ခုခုဟာကျွန်တော့ကိုစိန်ခေါ်နေသလိုဖြစ်နေရင်
ကျွန်တော်ကအစဆွဲထုတ်လိုက်တော့တာပဲ " တဲ့လေ။ ဂျိမ်းစ်ဟာ DTRA တို့ NASA
ကိုရအောင်ဖောက်နီုင်ခဲ့ပါတယ်။ NASA ကပရိုဂရမ်တွေကို သူတတ်ထားတဲ့ C နဲ့ ပဲ
Code တွေကို Downlod လုပ်သွားခဲ့တာတဲ့လေ။ ဂျိမ်းစ်ကအမှု့ ရင်ဆိုင်နေတုန်း
ပြောသွားတဲ့စကားကတော့ " ခင်ဗျားတို့ Code ကြီးကတုန်းလွန်းပါတယ်ဗျာ ဘယ်က 1.7
သန်းတန်မှာလဲ " တဲ့လေ။ ဟက်ကာလောကမှာ "c0mrad"
ဆိုပြီးနာမည်ချက်ချင်းကြီးသွားတယ်။ ထောင်ထဲမှာ10 နှစ်လောက်နေလိုက်ရတယ်။
ကွန်ပျူ တာကိုအပျော်သဘောနဲ့ ဆော့ဖို့ တောင်မကိုင်ရဘူးလို
့တားမြစ်ခြင်းခံလိုက်ရပါတယ်။ ခုဆိုရင်သူ့ ဘ၀ကို
သိက္ခာရှိရှိဘ၀ကိုရပ်တည်နိုင်ဖို့ ကြိုးစားနေပါတော့တယ်။
2. Adrian Lamo
သူကတော့ သူ့ ကိုယ်သူ ခြေသလုံးအိမ်တိုင်ဟက်ကာ ပါတဲ့။ အင်တာနက်မှာဆိုရင် Kinko ဆိုပြီးနာမည်ဝှက်သုံးပါတယ်။ သူဝင်မွှေသွားတဲ့ Company တွေထဲမှာ Yahoo! ။
Bank of America ။ Citigroup ၊ Cingular တွေပါပါတယ်။ အဲဒီ Company
တွေကWhite hat တွေငှားပြီးတော့ ထမ်းသိမ်းစောင့်ရှောက်ထားတာတောင်
ဝင်မွှေသွားနိုင်တဲ့သူ့ ရဲ့ အစွမ်းကတော့မသေးလှပါဘူး။
ထုံးစံအဆိုင်းနောက်ဆုံးမှာအဖမ်းခံရပြီးတော့ အခုဆိုရင်
ဆုရဂျာနယ်လစ်တစ်ယောက်အနေနဲ့ ဟောပြောပွဲတွေလိုက်ပြောရင်း
ဘ၀ကိုအဓိပါယ်ရှိရှိရပ်တည်နေပါတော့တယ်။
3. Kevin Mitnick
သူကတော့သူ့ ကိုယ်သူ ဟက်ကာပိုစတာသမားလေး ပါတဲ့။ အာဏာပိုင်တွေဝုန်းဒိုင်းကြဲခေါင်းခြောက်ပြီး
လိုက်ဖမ်းခဲ့ရတာပါ။ တရားရေးရာဌာနက သူ့ ကို "
အမေရိကန်သမိုင်းတွင်ကွန်ပျူတာပြစ်မူ့ ဖြင့်အလိုအပ်ဆုံးလူ"
အဖြစ်ထုတ်ပြန်ခဲ့ရတဲ့အထိပါ။ နာမည်ကြီးဟက်ကာတစ်ယောက်ဖြစ်တဲ့ Tsutoma
Shimomura အိမ်ကကွန်ပျူတာကိုခိုးဝင်လိုက်တာမှာဘ၀ပျက်ရတော့တာပါပဲ။
ဖုန်းလိုင်းတွေ။ လက်မှတ်အတုတွေ လုပ်ပြီး နောက်ဆုံး Network တွေ အထိဝင်ပြီး
Software ခိုးတဲ့အထိဖြစ်လာတာပါ။ နောက်ဆုံးတော့ ထောင်ထဲမှာ ၅ နှစ်လောက် နဲ
့၈ လတိတိအကျယ်ချုပ်နဲ့ ကွန်ပျူတာတွေဖုန်းတွေ
ကိုမကိုင်ရပဲနေထိုင်ပြီးပြန်ပေးဆပ်ရပါတော့တယ်။ အခုတော့
ကွန်ပျူတာလုံခြုံရေးအတိုင်ပင်ခံ စာရေးဆရာ။ ဟောပြောသူ တစ်ယောက်ဘ၀နဲ
့လမ်းမှန်ပေါ်မှာ လျှောက်လှမ်းနေပါပြီ။
နောက်ထပ် Black Hat တွေအများကြီးမှအများကြီးရှိကြပါတယ်။
( အထက်ပါ အကြောင်းအရာများအား PC Magzine march2008 နှင့် www.itsecurity.com မှကိုးကားပါသည်။ )
ကျနော့ကိုကြွားသော Hacker ဆိုတဲ့တစ်ယောက်
တစ်ရက်တော့ဗျာ။ ကျနော်အလုပ်များနေတဲ့ရက်တစ်ရက်ကပါ။ အတိအကျတော့မမှတ်မိတော့ပါဘူး။
နဲနဲတော့ကြာပါပြီ။ အလုပ်လုပ်ရင်း Gtalk ကိုဖွင့်ထားမိလေတော့။ Account
တစ်ခုလာ Add တော့ကျနော်ကလက်ခံလိုက်ပါတယ် ။ (
အကောင့်ကိုတော့မပြောပြတော့ပါဘူး ) ၀င်ဝင်ချင်းဆောက်နဲ့  ထွင်းဆိုသလိုပါပဲ။
လက်ခံလို့ လည်းပြီးရော ဘလိုင်းကြီးကောတော့တာပါပဲ။ သူ့ ကိုယ်သူမိတ်ဆက်ပါတယ်
Hacker ပါတဲ့ မင်းကဘာကောင်လဲတဲ့ ငါက ISP တွေကိုတောင် DoS attack လုပ်နေတာဆိုပဲ။ ပြီးတော့ပြောသေးတယ်ခင်ဗျ
ကျနော်ကလဲ အာရုံကလဲနောက်လာတာပေါ့ဗျာ စာကတော့ nonstop
ရိုက်ပြီးပြောတာခင်ဗျ။ +-*/ တွေရောပါတာပေါ့ခင်ဗျာ။
ကျနော်အောင့်အီးသီးခံပြီးတော့ကြည့်နေလိုက်ပါတယ်။ စာတွေတတုံတုံနဲ
့တက်လာပါတယ်။ ဒါပေသိရိုက်သမျှ တွေက ကပြားစာတွေပါ မြန်းဂလိ လို
့ခေါ်ကြတဲ့ဟာတွေလေ။ အဲဒီကတည်းကပေါက်တော့ပေါက်နေပါပြီ။
ကျနော်လဲတစ်ခွန်းပြန်ပြောမိပါတော့တယ်။ " မင်းဖာသာမင်းဘာကာပဲဖြစ်ဖြစ်ငါ့ကိုလာမပြောနဲ့ ။ ငါအလုပ်များနေတယ်လို့ "
အဲဒီတော့ သူကပြန်ပြီးတော့ ပြောပြန်ပါတယ်။ မင်းမကျေနပ်ရင် ငါ့ရဲ့ Website
ကိုပြန် Hack ဆိုပဲ။ ပြီးတော့သူပေးထားခဲ့တာက သူများထောင်ထားတဲ့ ဆိုဒ်ကြီး။
အဟဲအနော်ကလဲ
ညစ်ကျယ်လုပ်ချင်တာနဲ့ သူ့ မေးလ်နဲ့ လိုက်ရှာကြည့်ပြီးတော့ သူ့ Page မှာ
Shutdown shortcut လေးနဲ့ မိတ်ဆက်ပေးခဲ့ပါတော့တယ်။
နောက်ရက်လည်းရောက်ရော။
ချိုချိုသာသာနဲ့ အစ်ကိုတွေဘာတွေခေါ်ပြီးတော့ခင်ခင်မင်မင်ဖြစ်သွားပါတော့တယ်။
( မှတ်ချက်။ ။ ကျနော့အဖြစ်မှန်တစ်ခုကိုတင်ပြခြင်းသားဖြစ်ပါတယ်။
ပတ်သက်မိသောညီလေးရေစိတ်မဆိုးနဲ့ ကွာ။ )
ကျနော် Hacker တစ်ယောက်မဟုတ်ပါ။ ဒါပေမယ့် နည်းပညာလမ်းကြောင်းထဲမှာ တစိုက်မတ်မတ်လျှောက်နေတဲ့လူတစ်ယောက်သာဖြစ်ပါတယ်။
ဒီလိုပါပဲကျန်တဲ့မသိသေးတဲ့ အပေါင်းအသင်းတွေကလဲ သိလာအောင်
နည်းပညာ များသည် ဆိုက်ပေါင်းဆုံမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ...
Showing posts with label Internet. Show all posts
Showing posts with label Internet. Show all posts
Sunday, January 20, 2013
Tuesday, January 8, 2013
မိမိ ဘလော. မှာ ရေဒီယိုလေးတွေထည့်ထားမယ်
ခုဆိုရင် အွန်လိုင်းရေဒီယိုတွေတော်တော်ခောတ်စားလာပါပြီ။
ဆိုက်ဒ်တော်တော်များများ ဖွင့်လိုက်ရင် ရေဒီယိုလေးလာနေတာ
သဘောကျစရာပါပဲဗျာ။ တခါတလေ သူများ Blog စာမျက်နှာရောက်သွားရင်
သီချင်းကောင်းနေရင် မပြန်နိုင်ဖြစ်နေတက်တယ်ဗျ။ အဲဒီအခါကျ
သူနေရာလေးမှာ အကြာကြီးနေဖြစ်သွားရော။ အဲဒါကတော့အားသာချက်ပေါ့။
ပြီးတော့ ရေဒီယိုဆိုပေမဲ့ သီချင်းကောင်းတွေချည်းလွှင့်ပေးနေတော့ မိုက်တာပေါ့။
ထည့်ရတာလည်းလွယ်ပါတယ်။ html code လေးတွေကို add text နေရာမှာ
ထည့်ပြီး save ထားလိုက်ရုံပါပဲ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ
ကျွန်တော် Note pad နဲ့ သိမ်းထားတာလေးတွေ upload လုပ်ပေးလိုက်တယ်။
ကြိုက်တာကို click ပြီး ကုတ်ဒ်တွေကို copy ရယူနိုင်ပါတယ်။
အဖြူရောင်သံစဉ်
အိပ်မက်လှိုင်း
just music radio
mymc radio
အိမ်မက်လှိုင်း Radio(EML) ကို အစမ်းအဖြစ် တင်ပြလိုက်ပါတယ်။ကျွှန်တော်. Blog ထဲမှာ
ထည့်ထားတဲ့ ရေဒီယိုလိုင်းပါ။ ကျန်တာတွေလဲကောင်းပါတယ်ဒီလိုလေးလာနေမှာပါ။
,ယခုလက်ရှိအွန်လိုင်းပေါ်မှာ ခောတ်စားလာသော မြန်မာ့အွန်လိုင်းရေဒီယို ဆိုဒ်လေးတွေပါ။
၁။ ဗုဒ္ဓ FM Radio
၂။ Just Music Radio(JMR)
၃။ အိမ်မက်လှိုင်း Radio(EML)
၎။ အဖြူရောင် သံစဉ် Radio(APYTZ)
၅။ Myanmar Youth Media Club Radio(MYMC)
၆။ Yet Another Myanmar Community Radio(YAMC)
၇။ 95.1 Street FM Radio
၈။ သံစဉ်လှိုင်း Radio
၉။ Australia Myanmar Youth Community
ခင်မင်လေးစားလျှက်....
သစ်လွင်စိုး(နည်းပညာ)

မိမိ blog စာမျက်နှာတွင် သီချင်း Box လေး တင်ကြရအောင်
မိမိ blog စာမျက်နှာတွင် သီချင်း Box လေး တင်ကြရအောင်
Ning.com တွေကို ၀ယ်ကြရတော့ သီချင်း Box လေးတွေ စာမျက်နှာအသီးသီးမှာ ပျောက်သွားတာကို အားလုံးက နှမျှောတသတဲ့အထဲမှာ လွမ်းလဲ အပါအ၀င်ပါ…
ဒါပေမဲ့
သီချင်းလေးတွေကို နားထောင်ပြီး လွမ်းနေတတ်တဲ့ လွမ်းကတော့ သီချင်း Box
လေးကို ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ရွေးပြီး ပြန်တင်ခဲ့ပါတယ်…
ဘယ်လိုလုပ်တာလဲလို့  လာမေးသူတွေအတွက် လုပ်ပုံအဆင့်ဆင့်လေးကို တင်ပြပါမယ်…
ပထမပိုင်းအနေနဲ့  ကိုယ်ထည့်ချင်တဲ့ သီချင်းရဲ့ URL ကို ရယူတာကို ရှင်းပြပါမယ်...
၁။ http://www.fileden.com/ မှာ Sign Up လုပ်ရပါမယ်…
၂။ Member ဖြစ်သွားပြီဆိုရင် Upload ကို Click လုပ်ပါ… Continue to file uploader ကို Click လုပ်ပါ…
၃။ Browse
Files ကို Click လုပ်ပြီး မိမိတင်လိုသောသီချင်းကို ရွေးချယ်ပါ… ပြီးရင်
Start upload လုပ်ပြီး သီချင်းတင်ပါ… သီချင်းများကို
မိမိနှစ်သက်ရာအရေအတွက်ကို တပြိုင်တည်း တင်နိုင်ပါတယ်…
၎။ Files
ကို Click လုပ်ရင် မိမိတင်ထားသောသီချင်းများကို တွေ့ မြင်ရမှာပါ…
သီချင်းပေါ်မှာ Right Click လုပ်ရင် Shortcut Menu Box ပေါ်လာပါလိမ့်မယ်…
Properties ကို Click လုပ်ပါ… URL ကို Click လုပ်ပါ…
၅။ ပေါ်လာတဲ့Box မှာ သီချင်းရဲ့ URL ကို Copy ကူးထားပါ…
ဒုတိယပိုင်းအနေနဲ့  Music Box ပြုလုပ်တာကို ရှင်းပြပါမယ်...
၆။ http://www.mixpod.com မှာ Sign Up လုပ်ပါ… ၀င်လို့ ရသွားပြီဆိုရင်တော့ Add URL ကို Click လုပ်ပါ…
၇။ အဆင့်(၅)မှ မိမိတင်လိုတဲ့ သီချင်း Copy ကူးထားတဲ့ URL ကို Paste လုပ်ပါ… Artist နဲ့  Title တွေကို ထည့်ပေးရပါမယ်… ပြီးရင် Add Track လုပ်ပါ…
Music Box တွင် ထည့်လိုသော သီချင်းတစ်ပုဒ်ချင်းစီရဲ့ URL ကို ထည့်ပြီး Add Track Click လုပ်ရပါမယ်…
၈။ ပြီးရင် အဆင့်-၂ အနေနဲ့  Customize Click လုပ်ရပါမယ်…
Skin, Colors & Styles, နဲ့  Settings တို့ ကို ပြုလုပ်ပေးနိုင်ပါတယ်…
၉။ အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အဆင့်-၃ အနေနဲ့  Save Playlist ကို Click လုပ်ရပါမယ်…
Playlist
Title ကို ထည့်ပေးရပါမယ်… ပြီးမှ Save (get code) ကို Click ပြုလုပ်ပါက
ပေါ်လာတဲ့ Box ထဲမှ Code ကို ယူပြီး မိမိ blog က မှာ
Paste ပြုလုပ်ပေးရပါမယ်…
Player
မပေါ်သူများအတွက် Save (get code) ကို Click ပြုလုပ်ပါက ပေါ်လာတဲ့ Box ထဲမှ
Other Sites ဆိုတာကို ရွေးချယ်ပြီး Click လုပ်ပါ... အဲဒီတော့မှ ပေါ်လာတဲ့
Box ထဲမှ Code ကို ယူပြီး မိမိစာမျက်နှာထဲမှ Add Text Box မှာ Paste
ပြုလုပ်ပေးရပါမယ်…
အနော်တင်ပြခဲ့တဲ့ လုပ်ပုံလုပ်နည်းက မိမိနှစ်သက်တဲ့သီချင်းကို တင်တဲ့နည်းပါ…
Website မှာရှိပြီးသီချင်းကိုတော့ + လုပ်ပြီး ပေါင်းထည့်သွားရုံပါပဲ…
အားလုံးအဆင်ပြေပြေနဲ့  ထည့်နိုင်ကြပါစေ…
Sunday, January 6, 2013
Connection ကိုဖြတ်တောက်ပစ်မယ့် Netcut Version 2.1.4
နာမည်မြင်လို့တစ်မျိုးထင်သွားမယ်ထင်တယ်.........
"ဘာလဲဟ နဂိုကတည်းက Connection က..ပြတ်တောင်းပြတ်တောင်းဖြစ်နေတာကို" :)
အဲ့လိုဖြတ်ပစ်တာမဟုတ်ပါဘူး.......
ဥပမာ..ကိုယ်က အင်တာနက်ဆိုင်မှာသုံးတယ်ဆိုပါစို့....
ဒီSoftware သုံးပြီးတော့.....ကျန်တဲ့ Computer ကWireless Router , Switch , LocalAreaNetwork Connection..လိုင်းတွေကို ဖြတ်လိုက်လို့ရတယ်....
အဲ့လိုလုပ်လိုက်ရင်တော့.......ကိုယ့် Com မှာ..လိုင်းအ၇မ်းကောင်းသွားမှာပါ....
အကောင်းဘက်ကသုံးဖို့တော့မဟုတ်ဖူးနော်........ :D
သုံးနည်းပြောပြမယ်..
ဒေါင်းလို့ရလာတဲ့ ..exe ဖိုင်လေးကို Install လုပ်လိုက်
အောက်ကပုံအတိုင်းမြင်ရလိမ့်မယ်...

အကန့်နှစ်ကန့်ရှိတယ်......
ဘယ်ဘက်အကန့်က......တစ်ဆိုင်လုံးမှာရှိတဲ့.....Computer List တွေ.....ညာဘက်က အကန့်မှာ
အင်တာနက်ကွန်နက်ရှင်ရဖို့အတွက် အဓိက မိန်းဖြစ်တဲ့ Default Gate Way IP Address
ကိုမြင်ရပါမယ်..
ဘယ်ဘက်အခြမ်းက...ကိုယ်ဖျက်လိုတဲ့ Computer ကို Select မှတ်ပြီးတော့....Cut Off နှိပ်ပေးလိုက်...
အဲ့ဒီကွန်ပျူတာ.အနီရောင်ပြောင်းသွားပြီး....တစ်မိနစ်တိတိ...Connection မရတော့ပါဘူး....
သေချာပါတယ်..အဲ့ဒီ့ Computer ရဲ့ User ကတော့..ဆိုင်ပိုင်ရှင်ကို ပြသနာသွားရှာပါလိ့မ်မယ်....
ညာဘက် အခြမ်းက Default GateWay IP ကိုလဲ Cutoff လုပ်လိုက်ရင် အင်တာနက်ဆိုင်တစ်ခုလုံး
ကွန်နက်ရှင်ရတော့မှာ မဟုတ်တော့ပါဘူး..။
ဒါပေမယ့်...
Myanmar နိုင်ငံမှာတော့..မလုပ်ဖို့..အကြံပြုပါရစေ......သူတို့ရဲ့စားဝတ်နေရေးကို...ထောက်ထားညှာတာပါခင်ဗျာ..
ကျွန်တော်တင်ပေးတယ်ဆိုတာကလည်း....ဗဟုသုတရအောင်ပါ........
နိုင်ငံခြားမှာ....ဆိုလို့ကတော့......ဗျင်းသာဗျင်း... :P
File Size က.. 2MBလောက်ပဲရှိပေမယ့်.အဆိပ်ပြင်းပါတယ်.....

Saturday, January 5, 2013
Free Wi Fi ချိတ်ဆက်နည်း
ဆိုင်ကစက်တွေကနေ
ကိုယ်ပိုင်စက် ကို Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့
အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက် WIFI Password ခိုးနည်းလေး ကို
ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ
ကျွန်တော့်လာဟက်နေမှ .....ဒုက္ခ..
ကဲ လုပ်ကြည့်နော်.. ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော် ... WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။ အရင်ဆုံးကိုယ့့် ပတ်ဝန်းကျင်မှာရှိတဲ့ Wireless Wifi ကို wifi ဘယ်လိုမျိုး ပေါ်နေလဲဆိုတာအရင်ကြည့်ပါ။ အခု Wireless Wifi Password ကို အလွယ်တကူ ခိုးယူဖို့ဆိုတာက သိပ်တော့မလွယ်ဘူးနော် လုပ်နည်း နှစ်နည်းတော့ တွေ့ထားပါတယ်.. ပထမနည်းကတော့ Cracking ခွေတွေရှာဝယ်ပြီး ခိုးတဲ့နည်း။။ ဒုတိယနည်းက Crscking Dell နဲ့ရှာကြည့်တဲ့နည်းလေးပေါ့။။ လုပ်နည်းလေးကတော့။ အရင်ဆုံး ကိုယ့်ကွန်ပြူတာမှာ Wireless တော့ ပါဖို့လိုပါတယ်။ အက္ခရာပေါ်နေတဲ့  SSID ပေါ်ကို သွားပြီး Double click နှိပ်ပါ.။
ဥပမာ .....(069500) လိုမျိုးပေါ်နေတာကိုပြောတာပါ။( ဒီ ဂဏန်းလေးတွေက ဥပမာပေးတာပါ။ ကိုယ့်စက်မှာပေါ်တာကို ကြည့်ရမှာဖြစ်ပြီး ဂဏန်းနောက် က ထည့်ရမဲ့စာလုံးကို တော့သေချာထည့်ပေးဖို့လိုပါတယ်။ အဲဒါကို ကလစ်လိုက်ရင် Password တောင်းလာလိုက်မယ်။ ဒါဆို ဒီ Password ကို ဘယ်လို နည်းနဲ့ ရအောင်ယူမလဲဆိုတော့ ဥပမာ..ပြထားတဲ့ ( 069500 ) ကိုဖြုတ်ပြီး ရှေ့က ( ၀ )ကိုဖြုတ်ပြီး ( 695001FFB0 ) လို့ရိုက်ထည့်ပါ။ အဲလိုရိုက်ထည်လိုက်မယ်ဆိုရင် Confirm တောင်းလာရင် နကိုယ်အတိုင်း( 695001FFB0 ) လို့ပဲပြန်ရေးပြီး OK သို့မဟုတ် Next ကိုနိုပ်လိုက်ပါ။ ခနစောင့်.... Connection နေရာမှာ Connected ဖြစ်သွားပါလိမ့်မည်။။။ ဥပမာ..အောက်မှာကြည့် ပါ။
Azlie
617a6c69303761707231393738
092f222
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
shaiful
30313232343433333730313233
>>>>>>>>>>>>>>>>>>>>>>>>>>>>>
Ghost
abcd368368
>>>>>>>>>>>>>>>>>>>>>>>>>>>>>
Yong ah foo
31393230333331313435323233
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
meingan
63353131313036303535323735
>>>>>>>>>>>>>>>>>>>>>>>>>>>>>>> ဒါကအထက်ကနည်းလေးနဲ့ ဟက်လိုက်လို့ပေါ်လာမဲ့ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့  Wireless Wifi နာမည်နဲ့  password လေးနမူနာလေးတွေပါ။

Subscribe to:
Posts (Atom)