Tuesday, January 8, 2013

မိမိ blog စာမျက်နှာတွင် သီချင်း Box လေး တင်ကြရအောင်




မိမိ blog စာမျက်နှာတွင် သီချင်း Box လေး တင်ကြရအောင်


Ning.com တွေကို ၀ယ်ကြရတော့ သီချင်း Box လေးတွေ စာမျက်နှာအသီးသီးမှာ ပျောက်သွားတာကို အားလုံးက နှမျှောတသတဲ့အထဲမှာ လွမ်းလဲ အပါအ၀င်ပါ…

ဒါပေမဲ့ သီချင်းလေးတွေကို နားထောင်ပြီး လွမ်းနေတတ်တဲ့ လွမ်းကတော့ သီချင်း Box လေးကို ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ရွေးပြီး ပြန်တင်ခဲ့ပါတယ်…

ဘယ်လိုလုပ်တာလဲလို့  လာမေးသူတွေအတွက် လုပ်ပုံအဆင့်ဆင့်လေးကို တင်ပြပါမယ်…

ပထမပိုင်းအနေနဲ့  ကိုယ်ထည့်ချင်တဲ့ သီချင်းရဲ့ URL ကို ရယူတာကို ရှင်းပြပါမယ်...

၁။ http://www.fileden.com/ မှာ Sign Up လုပ်ရပါမယ်…

၂။ Member ဖြစ်သွားပြီဆိုရင် Upload ကို Click လုပ်ပါ… Continue to file uploader ကို Click လုပ်ပါ…

1

၃။ Browse Files ကို Click လုပ်ပြီး မိမိတင်လိုသောသီချင်းကို ရွေးချယ်ပါ… ပြီးရင် Start upload လုပ်ပြီး သီချင်းတင်ပါ… သီချင်းများကို မိမိနှစ်သက်ရာအရေအတွက်ကို တပြိုင်တည်း တင်နိုင်ပါတယ်…

2

၎။ Files ကို Click လုပ်ရင် မိမိတင်ထားသောသီချင်းများကို တွေ့ မြင်ရမှာပါ… သီချင်းပေါ်မှာ Right Click လုပ်ရင် Shortcut Menu Box ပေါ်လာပါလိမ့်မယ်… Properties ကို Click လုပ်ပါ… URL ကို Click လုပ်ပါ…

3

4

၅။ ပေါ်လာတဲ့Box မှာ သီချင်းရဲ့ URL ကို Copy ကူးထားပါ…

5

ဒုတိယပိုင်းအနေနဲ့  Music Box ပြုလုပ်တာကို ရှင်းပြပါမယ်...

၆။ http://www.mixpod.com မှာ Sign Up လုပ်ပါ… ၀င်လို့ ရသွားပြီဆိုရင်တော့ Add URL ကို Click လုပ်ပါ…

6

၇။ အဆင့်()မှ မိမိတင်လိုတဲ့ သီချင်း Copy ကူးထားတဲ့ URL ကို Paste လုပ်ပါ… Artist နဲ့  Title တွေကို ထည့်ပေးရပါမယ်… ပြီးရင် Add Track လုပ်ပါ…

Music Box တွင် ထည့်လိုသော သီချင်းတစ်ပုဒ်ချင်းစီရဲ့ URL ကို ထည့်ပြီး Add Track Click လုပ်ရပါမယ်…

7

၈။ ပြီးရင် အဆင့်-၂ အနေနဲ့  Customize Click လုပ်ရပါမယ်…

Skin, Colors & Styles, နဲ့  Settings တို့ ကို ပြုလုပ်ပေးနိုင်ပါတယ်…

8

၉။ အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အဆင့်-၃ အနေနဲ့  Save Playlist ကို Click လုပ်ရပါမယ်…

9

Playlist Title ကို ထည့်ပေးရပါမယ်… ပြီးမှ Save (get code) ကို Click ပြုလုပ်ပါက ပေါ်လာတဲ့ Box ထဲမှ Code ကို ယူပြီး မိမိ blog က မှာ Paste ပြုလုပ်ပေးရပါမယ်…


10

Player မပေါ်သူများအတွက် Save (get code) ကို Click ပြုလုပ်ပါက ပေါ်လာတဲ့ Box ထဲမှ Other Sites ဆိုတာကို ရွေးချယ်ပြီး Click လုပ်ပါ... အဲဒီတော့မှ ပေါ်လာတဲ့ Box ထဲမှ Code ကို ယူပြီး မိမိစာမျက်နှာထဲမှ Add Text Box မှာ Paste ပြုလုပ်ပေးရပါမယ်…

11

12

အနော်တင်ပြခဲ့တဲ့ လုပ်ပုံလုပ်နည်းက မိမိနှစ်သက်တဲ့သီချင်းကို တင်တဲ့နည်းပါ…

Website မှာရှိပြီးသီချင်းကိုတော့ + လုပ်ပြီး ပေါင်းထည့်သွားရုံပါပဲ…

အားလုံးအဆင်ပြေပြေနဲ့  ထည့်နိုင်ကြပါစေ…



No comments:

Post a Comment