Thursday, January 3, 2013

gtalk passward အကြောင်း

အခုဖြေရှင်းပေးနေရတဲ့ပြသနာလေးတွေပါ တစ်ယောက်လာပီးပြောသွားလိုက် နှစ်ယောက်လာပီးပြောသွားလိုက်နဲ့ နဲ့မလို့ပါ တစ်ယောက်လာပြောပျံပီ အကောင့်သူများခိုးသွားလို့တဲ့ တကယ်တမ်းတော့ ကိုယ့်အကောင့်ကို ဘယ်သူမှမခိုးပါဘူး ခိုးပီးတော့ကောဘာလုပ်မှာလည်း တစ်ချို့ကတော့ ထောက်ချောက်ဆင်တက်ကြတယ် အဲ့ဒါကတော့ Gmail အတုတွေရယ် Mail ထဲဝင်လာတဲ့ Mail ကို Recover လုပ်မလားဆိုတဲ့မေးကို သွားဖွင့်ပီးတော့ UserName နဲ့ Password ကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ် နောက်တစ်ခုကတော့ KeyLogger ကိုစက်ထည်းသွင်းထားလို့ဖြစ်ပါတယ် တကယ်တမ်းတော့ အဲ့ဒါတွေအားလုံးဟာ အလှူလာခံကြတယ်လို့ပဲပြောရမှာပေါ့ (User Name နဲ့ Password အလှူခံသည်)အဲ့လိုအော်ပီးတော့ကိုဝင်လာကြတာပါ ကိုယ့်က သွားလှူလိုက်တော့ ပါသွားတာပေါ့လေ ဟိဟိ ပြောတဲ့လူတွေများလာတော့လည်း မရေးမဖစ်ရေးမှရတော့မှာမလို့ ရေးပါတော့မယ် အကောင့်ကပျောက်တာမဟုတ်ပါဘူး ခိုးခံရတာလည်းမဟုတ်ပါဘူး သူငယ်ချင်းကိုယ်တိုင်က လိုက်လိုက်လဲလဲ ပေးမိလိုက်တာပါ အဲ့ဒါကို သူငယ်ချင်းကိုတိုင်က မသိလိုက်တာပါ တစ်ချို့တွေကပိတ်ဖို့မေ့ခဲ့ကြတာပါ Gmail ပိတ်ဖို့မေ့ခဲ့ရင်တော့ဖြင့်(သို့မဟုတ်)Remember ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှကျန်ခဲ့တက်ပါတယ် Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး ဒါပေမယ့်ယူလို့ရပါတယ် Password See Software တွေရယ် Gtalk Password Recover Software တွေကိုအသုံးပြုရပါတယ် Password See Software ကိုအသုံးပြုမယ်ဆိုရင်ဖြင့် တစ်ခါ တစ်ခါ ကွန်နရှင်ကျခဲ့ရင် Gtalk ကအော်တိုပြန်အောက်သွားပါတယ် UserName နဲ့ Password ပြန်ပေါ်လာပါတယ် အဲ့အချိန်မှာ Password See Software တစ်ခုခုကို Gtalk ပေါ်မှာထောက်လိုက်တာနဲ့ Password ကိုတွေ့ရပါတယ် ကွန်နရှင်မကျမချင်းထိုင်စောင့်ပီးတော့ ယူမှရမှာပေါ့လို့ စဉ်းစားမိပါလိမ့်မယ် ဒါပေမယ့် My Network Place ကနေ Disable ပေးလိုက်ရင် ကွန်နရှင်ကျတာနဲကတူတူပါပဲ နောက်တစ်ခုကို Gtalk Proxy ကို မရှိတဲ့ Proxy တစ်ခုခုရှောက်ထည့်လိုက်ရင်လည်း ကွန်နရှင်ကျသွားတာနဲ့အတူတူပါပဲ Gtalk Password Recover Software ကိုသုံးတာကတော့ အဲ့ Software တွေမှာ Scan ဖတ်တာပါပါတယ် လောလောဆယ်ဖွင့်ထားတဲ့ Gtalk အကောင့်က Password ကို Scan ဖတ်ပီးတော့ယူသွားပါတယ် အဲ့ဒါကတော့ပိုလွယ်တာပေါ့ တစ်ချို့ဆိုရင် ကြိုတင်စည်စဉ်လာကြတယ်လေ အဲ့ Software လေးတွေကို Portable Version အဖြစ်ပြောင်းလဲလာပါတယ် ပီးတော့ ကွန်ပျူတာနားမှာ စတစ်လေးထိုးပီးတော့ ယူသွားယုံပဲပေါ့ ဒါကသူငယ်ချင်းကိုယ်တိုင်လှူခဲ့လို့ပါ ဟိုတစ်ယောက်ကလည်း ဒါနမြောက်အောင်ယူသွားတာပေါ့လေ ဒါပေမယ့် အဲ့ရန်တွေကို ကြိုတင်ကာကွယ်ဖို့ အောက်မှာမှော်မှော်ရေးပေးမယ်နော် အဲ့ဆိုရင် အေးဆေးပဲ ခဏလှူလိုက်မယ် ပီးတော့ပြန်ယူမယ် မီးကိုကစားကမကောင်းဘူးလို့တော့ပြောခြင်တယ်နော် ဘာကြောင့်လည်းဆိုတော့ ကိုယ့်ထပ်တော်တဲ့သူ တက်တဲ့သူတွေ အများအပြားရှိသလို ကိုယ်လောက်မတက်ခဲ့ရင်လည်း ရှောက်ဆဲခဲ့ မေးတွေရှောက်ဖြတ်ခဲ့ရယ် ဘယ်လိုလုပ်မလည်း ပီးတော့ အကောင့်ကို ပြန်မရခဲ့ရင်မှော်မှော်ကတော့ တော့တာဝန်ယူဘူးနော် တစ်ချို့တွေက မဆင်မခြင်ဖွင့်လိုက်တာပါ ဥပမာနေရာနှစ်ခု ကိုတစ်ပြိုင်တည်းဖွင့်သလိုဖြစ်သွားတာပေါ့ freedom Software လေးကိုသုံးဖူးကြရင်တော့သိမှာပါ ဒါပေမယ့် တစ်ချို့က Freedom ကိုသုံးပီးပတ်မသွားပါဘူး ဒါကြောင့်နောက်လူက လာပီးသူ့အကောင့်ကို ဖွင့်လိုက်တာနဲ့ Disable ဖြစ်ရောလေ ဘာကြောင့်လည်းဆိုတော့ Freedom ကသူများနိုင်ငံ proxy ကိုသုံးတာပါ ဥပမာ US Proxy ကိုသုံးတယ်ထား User တစ်ယောက်က တခြားဆိုင်မှာ မြန်မာ Proxy နဲ့သုံးလာပါတယ် ပီးတော့ ဒီဆိုင်မှာ US Proxy ကိုသုံးမိလိုက်တယ် အဲ့တော့ဘာဖြစ်သွားလည်း အဲ့အကောင့်က ခုနက မြန်မာမှာ အခုချက်ခြင်းပဲ US ကိုရောက်နေတယ် ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပီးတော့ ဖြတ်လိုက်တာပေါ့ အဲ့ဒါနဲ့ အကောင့်လေးက ပျက်သွားရောပေါ့ အကယ်၍ သုံးခြင်တယ်ဆိုရင်ပေါ့ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး နှစ်နာရီခြားပါ ပီးတော့ Gmail အတုနဲ့တွေ့လိုက်ရင်တော့ Password ပါသွားတာပေါ့ တကယ်တမ်းတော့ Gmail မှာ Password ကအဓိကလုံခြုံရေးစနစ်မဟုတ်ပါဘူး လုံခြုံရေးစနစ်အဓိက သုံးခုရှိပါတယ် အောက်မှာပြောပြသွားပါမယ် Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခုဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်းသုံးနည်းရှိပါတယ် အဲ့ဒါကိုလည်းပြောပြပါမယ် Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ ပီးရင် ပြန်ဖွင့်ကြည့်ပါမရလျှင် နောက်ဆုံးတစ်နည်းတော့ကျန်ပါသေးတယ် ရမရတော့အာမမခံပါဘူး ဘာကြောင့်လည်းဆိုတော့ မှော်မှော် စမ်းတာ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရပါတယ် ကဲသင်ခန်းစာလေးစလိုက်ရအောင်
Gmail Recover လုပ်ထားပါ
ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ အဲ့ဒါကြောင့်အရင်ဆုံးကာကွယ်နည်းကို ပြေပြပါမယ် အခြားမေးတွေ အကောင့်တွေမှာလည်း Recover ဆိုတာရှိကြပါတယ် သူ့နည်းနဲ့သူပေါ့ Gmail Recover လုပ်နည်းသုံးနည်းကိုပြောပြပါမယ် အဲ့ဒါတွေက တကယ်တမ်းတော့ အကောင့်စလုပ်ကတည်းကလုပ်ထားရမှာပါ ဒါပေမယ့် အကောင့်ရှိပီးသားသူတွေအတွက် အရင်ရေးပေးပါမယ် ဘာကြောင့်လည်းဆိုတော့ အကောင့်အသစ်လုပ်ရန်အလွန်ခတ်ခဲသွားပီဖြစ်သောကြောင့်ဖြစ်သည်
Gmail Recover လုပ်နည်း

အခြား Gmail အကောင့်နှင့် Recover လုပ်တာဖြစ်ပါတယ် ဒါပေမယ့် အကောင့်နှစ်ခုရှိတဲ့သူများအတွက်ပိုအဆင်ပြေပါတယ် ဘာကြောင့်လည်းဆိုတော့ လူ့စိတ်ကမျောက်စိတ်လိုပဲလေ သူများအကောင့်ကို Recover ပေးထားမိရင် ဖြတ်လိုက်ပါ အဲ့ Recover ပေးခံထားရတဲ့အကောင့်ပိုင်ရှင်က သူငယ်ချင်းတို့အကောင့်ကို အချိန်မရွှေး တစ်ရေးနိုးထပီးတော့ Password ကိုပြောင်းပစ်လို့ရပါတယ် အကောင့်နှစ်ခုပိုင်ထားသူများကတော့ အကောင့်အချင်းချင်း Recover ပေးထားလို့ရပါတယ် အဲ့ဒါအဆင်ပြေတာပေါ့ Gmail ကိုအရင်ဖွင့်လိုက်ပါ ပီးရင် Setting >> Accounts and Import >> Google Account Settings ကိုနှိပ်လိုက်ပါ အဲ့ဆို အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါသည်

No comments:

Post a Comment