Sunday, January 6, 2013

ကျွန်တော်နားလည်သလောက် flash songs လုပ်နည်းလေးပါ..

ကျွန်တော်နားလည်သလောက် flash songs လုပ်နည်းလေးပါ..
တစ်ခုပဲထပ်မံမှာချင်တာက သီချင်းဖန်တီးသူများ အဓိကစိတ်ရှည်ဖို့ပဲလိုပါသည်..
software များဒေါင်းပြီး၍ ebooks များလေ့လာပြီးလျှင်သီချင်းဖန်တီးနိုင်ပါပြီ..
ကျွန်တော်ကတော့ swissmax3 နှင့်အသုံးပြုပုံကိုပဲရေးပေးသွားပါမယ်..swissmax3 ကိုဖွင့်လိုက်ပါကဒီလိုလေးအရင်တွေ့ရမှာပါ..
ပုံမှာပြထားသလိုပဲ ok လေးကိုပဲ နှိပ်လိုက်ပါ..
ok လေးကိုနှိပ်ပြီးသွားရင်ဒီလိုပုံစံလေးတွေ့ရမှာပါ..ပုံမှာ နံပါတ်လေးတွေတပ်ထားပေးပါတယ်..အဲဒီအတိုင်းအစဉ်လိုက်လုပ်သွားရုံပါပဲ..
နံပါတ်(၁)မှာမြင်နေရတဲ့တြိဂံပုံအစက်လေးကိုနှိပ်လိုက်ပါ..ဒါမှကျွန်တော်တို့သီချင်းဖန်တီးဖို့နေရာအများကြီးရမှာဖြစ်ပါတယ်..
နံပါတ်(၂)မှာကိုနှိပ်လိုက်ပါ အဲဒီနေရာမှာကျွန်တော်တို့သီချင်းလေးတွေအတွက်အရွယ်အစားရွေးရမှာဖြစ်ပါတယ်..
နံပါတ်(၃)ကတော့ background(နောက်ခံ အရောင်)ရွေးရမှာဖြစ်ပါတယ်..အဲဒီအကွက်လေးကိုနှိပ်လိုက်ရင်အရောင်ရွေးဖို့
box တစ်ခုကျလာပါမယ်..ကြိုက်တဲ့အရောင်ရွေးပေါ့..
နံပါတ်(၄)မှာက ကျွန်တော်တို့သီချင်းအတွက် ဆိုက်ရွေးရမှာဖြစ်ပါတယ်..width: 1000 Height: 450 frame rate :25(ဥပမာပါ)
သူငယ်ချင်းတို့ကတော့ကိုယ်ကြိုက်တဲ့ဆိုက် ရွေးပေါ့..အဲဒါတွေဖြည့်ပြီးရင်တော့ (၅) ကိုနှိပ်ပါ..
နံပါတ်(၅)မှာက web page ပေါ်တင်တဲ့အခါ swf ဘယ်လောက်နဲ့တင်မယ်ဆိုတာကိုရွေးပေးရမှာပါ..အရေးကြီးပါတယ်..
သေချာမှတ်ထားပေးကြပါ..flash songs တွေမှာ swf6 တစ်မျိုးတည်းသာရွေးတင်ရမှာဖြစ်ပါတယ်.. 7 တို့ 8 တို့
ဖြစ်ခဲ့မယ်ဆိုရင်တော့သီချင်းထစ်နေတာမျိုးတွေကြုံရမှာပါ..ကျွန်တော်ခဏ၊ခဏကြုံလို့သတိပေးရတာပါ..
ခုနက နံပါတ်(၅)ကိုနှိပ်လိုက်ရင်ဒီပုံလေးထွက်လာပါ့မယ်..ပုံမှာ swf 7 ဆိုတာလေးဖြစ်နေပါတယ်..အဲဒီနေရာလေးကိုနှိပ်လိုက်ရင်
အောက်မှာရွေးစရာ ကျလာပါမယ်..swf 6 ကိုနှိပ်ပြီးပြန်ပြောင်းလိုက်ပါ..ပုံမှာနံပါတ် (၂)နေရာလေးမှာကွက်လပ်လေးဖြစ်နေပါတယ်..
အဲဒီကွက်လပ်လေးမှာ ကလစ်တစ်ချက်နှိပ်လိုက်ရင်အမှန်ခြစ်လေးတစ်ခုပေါ်လာပါမယ်..ကျွန်တော့်ပုံထဲမှာတော့ပါမလာခဲ့ပါဘူး
သူငယ်ချင်းတို့ကိုယ့်ဘာသာကိုယ်ပဲ အမှန်ခြစ်လေးပေါ်လာအောင်နှိပ်ပေးလိုက်ပါ..ပြီးရင် ok ကိုနှိပ်လိုက်ရုံပေါ့..
ကဲကျွန်တော်တို့သီချင်းဖန်တီးလို့ရပါပြီ..ကျွန်တော်ကနောက်ခံအနက်ရောင်သုံးထားတဲ့အတွက်ပုံမှာအနက်ရောင်ပေါ်နေတာပါ..
ပုံပါအတိုင်းနံပါတ်စဉ်လိုက်လုပ်သွားရုံပါပဲ..insert ဆိုတာလေးကိုနှိပ်လိုက်ပါ..နံပါတ်(၁)မှာ import sound ဆိုတာလေးကိုနှိပ်လိုက်ပြီး
မိမိ တို့ဖန်တီးချင်တဲ့သီချင်းလေးကိုရွေးပေးလိုက်ပါ..သီချင်းရွေးပြီးရင် နံပါတ်(၂)က import image လေးကိုနှိပ်လိုက်ပါ..အဲဒါကတော့
နောက်ခံပုံလေးအတွက်ပါ..နံပါတ်(၃)ကတော့ သီချင်းစာသားတွေရေးတိုင်းအဲဒီနေရာလေးကိုအရင်နှိပ်ရမှာဖြစ်ပါတယ်..
သီချင်းထည့်ပြီးပြီ..ပုံကိုထည့်တော့မယ်ဆိုရင်တစ်ခါတစ်လေကျွန်တော်တို့ရွေးလိုက်တဲ့ပုံတွေက ကျွန်တော်တို့သီချင်းလုပ်ဖို့အတွက်
သတ်မှတ်ထားတဲ့ ဆိုက်ထက်ကြီးနေတာတွေရှည်နေတာတွေဖြစ်တက်ပါတယ်..အဲဒီအခါမှာကျွန်တော်တို့သတ်မှတ်ထားတဲ့ဘောင်အတွင်း
ဝင်အောင်ပြန်ချုံ့ပေးရပါတယ်..အကွက်အ၀ါရောင်လေးနဲ့ဝိုင်းပြထားပါတယ်..အဲဒီနေရာလေးတွေကို နှိပ်ပြီးလိုသလိုချုံ့၊ချဲ့ နိုင်ပါတယ်..
သေသပ်ဖို့တော့လိုပါတယ်။ရှည်ရှည်ကြီးဖြစ်သွားတာတို့၊ဗျက်ကျယ်ကြီးဖြစ်သွားတာတို့ကြတော့ကြည့်မကောင်းဘူပေါ့ဗျာ..မှာချင်သေးတာ
တစ်ခုကပုံတွေ၊သီချင်းစာသားတွေထည့်တဲ့အခါမှာကျွန်တော်တို့သတ်မှတ်ထားတဲ့ ဘောင် အပြင်ဘက်မှာရောက်မနေပါစေနဲ့..
ဥပမာဗျာ ကျွန်တော်တို့နောက်ခံရောင်သုံးထားတာက အနက်ရောင် သီချင်းစာသားတွေ၊ပုံတွေကိုလည်းအဲဒီအနက်ရောင်ရှိတဲ့
အကန့်ထဲမှာပဲထားရမှာပါ..တကယ်လို့ပုံရော၊စာသားတွေရောကိုယ်သုံးထားတဲ့နောက်ခံရောင်ရဲ့အပြင်ဘက်မှာရောက်နေတယ်ဆိုရင်
သီချင်းလုပ်ပြီး web page ပေါ်တင်တဲ့အခါအဲဒီအပြင်ရောက်နေတဲ့ စာသားတွေပုံတွေကပေါ်လာမှာမဟုတ်ပါဘူး..သတိလေးထားပေးပါ..
mp3 လည်းထည့်ပြီးသွားပြီ၊နောက်ခံပုံလည်းထည့်ပြီးသွားပြီဆိုတော့သီချင်းစာသားတွေထည့်ဖို့ပဲကျန်ပါတော့တယ်..ဘယ်ဘက်မှာ
အနီရောင်နဲ့ဝိုင်းပြထားတဲ့ T ဆိုတာလေးကိုအရင်နှိပ်ပါ..ပြီးရင်ကျွန်တော်တို့အသုံးပြုချင်တဲ့ ဖောင့်ပုံစံနဲ့အရောင်တွေကိုရွေးရမှာဖြစ်တဲ့
အတွက် ညာဘက်မှာအရောင်လေးတွေနဲ့ဝိုင်းပြထားတယ်..အစိမ်းရောင်ကွက်လေးက မိမိအသုံးပြုမည့်ဖောင့် ပုံစံရွေးရန်ပါ..
အဲဒါလေးကိုနှိပ်ပြီးဖောင့်ရွေးပါ..အ၀ါရောက်အကွက်လေးကတော့ စာလုံးအရွယ်အစားအတွက်ပါ..ပုံမှန်ဆိုက်ကတော့ ၃၆ လောက်ကို
ရွေးပါ..အဲဒီထက်သေးရင် သီချင်းစာသားတွေသေးသေးလေးပဲမြင်ရမှာမို့ပါ..ဘေးနားမှာ I ဆိုတာလေးကိုခရမ်းရောင်အကွက်လေးနဲ့
ဝိုင်းပြထားပါတယ်..အဲဒါကတော့စာလုံးစောင်းစောင်းလေးတွေကြိုက်တဲ့သူတွေအတွက်ပါ..မကြိုက်ရင်တော့အဲဒါလေးကိုနှိပ်စရာမလို
ပါဘူး..အောက်ကအနီရောင်နဲ့ edit ဆိုတာလေးကမိမိတို့ရေးခဲ့တဲ့သီချင်းစာသားတွေအမှားပါနေရင်ပြင်ဖို့နေရာလေးပါ..
မိမိရေးချင်တဲ့ဖောင့်ပုံစံ၊စာလုံးအရွယ်အစား၊အရောင်တွေရွေးပြီးပြီဆိုရင်တော့စာသားတွေထည့်ပါတော့မယ်..
ပထမဦးဆုံး သီချင်းခေါင်းစဉ်ပေါ့..ပြီးရင်သီချင်းဆိုသူနာမည်(တစ်ချို့ flash songs တွေမှာရေးသူနာမည်ပါထည့်ပေးကြပါတယ်)
ပြီးရင်သီချင်းဖန်တီးသူနာမည်..စာသားတွေရေးပုံကတော့...ဓာတ်ပုံလေးပေါ်မှာ(မိမိအဆင်ပြေတဲ့နေရာ)မြှားလေးကို
ဖိပြီးအလျားလိုက်လေးဆွဲချလိုက်ပါ...(ကိုယ်ရေးတော့မယ့်စာသားအတိုအရှည်ပေါ်လိုက်ပြီးမြှားကိုလည်းအတိုအရှည်ချိန်ဆွဲပေါ့)
ဘယ်လိုပေါ်လာမလည်းဆို ကျွန်တော့်မေးလ်လိပ်စာရေးထားတဲ့နေရာလေးကိုကြည့်ပါ..
လေးထောင့်ကွက်လေးတစ်ခုရှိနေပါတယ်.အဲဒီအကွက်ထဲမှာစာရေးရမှာပါ..ebooks ထဲမှာတော့ကိုမိုးသောက်ပန်းက
စာသားထဲ့သည့်အခါ သီချင်းစာသားတွေကိုတစ်နေရာမှာရေးပြီး copy&paste လုပ်တာပိုလွယ်တယ်လို့ရေးထားပါတယ်..
ဒါပေမယ့်အဲဒီ copy&paste ကဇော်ဂျီဖောင့်တစ်ခုတည်းအတွက်ပဲအဆင်ပြေပါတယ်..
တခြားဖောင့်တွေကိုရွေးပြီး copy &paste လုပ်ကြည့်တော့အဆင်မပြေဘူးဗျာ ကွက်လပ်တွေပဲပေါ်နေပါတယ်..
တခြားသူတွေတော့မသိဘူုး၊ကျွန်တော့်စက်မှာဖြစ်နေတာကိုပြောတာနော်..သူငယ်ချင်းတို့ကစမ်းကြည့်ချင်လည်းစမ်းကြည့်ပေါ့..
ဒီတော့ကျွန်တော်ကတော့တခြားဖောင့်သုံးရင် ခုနကမြှားဆွဲပြီးလုပ်ထားတဲ့ကွက်လပ်ထဲမှာပဲဒါရိုက်ရေးပါတယ်..
မြန်မာလိုပဲပေါ်ပါတယ်..အခုကျွန်တော်စာသုံးကြောင်းရေးပြီးပါပြီ..အဲဒီစာတွေအတွက် effects တွေထည့်ပါတော့မယ်..
ပုံမှာကြည့်ပါ..ကျွန်တော်တို့အခုအလုပ်လုပ်နေတဲ့အပိုင်းတွေအားလုံးကိုအစိမ်းရောင်မြှားလေးတွေ၊အကွက်လေးတွေနဲ့
ပြထားပါတယ်..အနီရောင်မြှားလေးတွေပြထားတာကတော့ကျွန်တော်တို့အခုချိန်ထိဘာတွေဖန်တီးပြီးခဲ့ပြီလည်းဆိုတာကို
ပြထားတာပါ..တကယ်လို့တစ်ခုခုပြင်ချင်တာတို့၊မကြိုက်လို့ပြန်ပြင်တာတို့ဆိုရင်အဲဒီနေရာမှာပြန်ရှာပြီးပြင်ဆင်ရတာပါ..
အခုလောလောဆယ်အစိမ်းရောင်တွေနဲ့ပြထားတာကိုပဲကြည့်ပါ..နေညိုချိန်ဆိုတဲ့စာသားလေးကို effect ထည့်ပါမယ်..
ဘယ်လိုထည့်ရမလည်းဆိုတော့မြှားအစိမ်းလေးဘေးမှာ နံပါတ်(၁)ဆိုတဲ့နေရာလေးက နေညိုချိန်ဆိုတဲ့စာသားရေးထား
တဲ့နေရာလေးပါ..အဲဒီနေရာတွေကိုမမှတ်မိဘူးဆိုရင်လည်းလွယ်ပါတယ်..နောက်ခံပုံပေါ်မှာရေးထားတဲ့နေညိုချိန်ဆိုတဲ့
မြန်မာစာလေးကို မြှားတစ်ချက်လောက်နှိပ်ပေးလိုက်ရင်ရပါတယ်..အဲလိုနှိပ်ပေးလိုက်ရင် effect ထည့်ဖို့အတွက်
နံပါတ်(၂)နေရာ ADD Effect ဆိုတာလေးပေါ်လာပါမယ်..အဲဒါလေးကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းတွေ့ရမှာပါ..အနီရောင်အကွက်လေးနဲ့ပြထားတာတွေအားလုံးက effect တွေပါပဲ..အများကြီးနော်.လိုက်နှိပ်ပြီးကြည့်ကြည့်လိုက်..
ကျွန်တော်တို့ကအ၀င်စာသားအတွက် effect ထည့်မှာဆိုတော့ Appear into position ဆိုတာလေးကိုရွေးပြီးထည့်ပါတယ်..
အပေါ်က fade.zoom,slide အဲဒါတွေလည်းထည့်လို့ရတယ်နော်..အနီရောင်ပြထားတဲ့အကွက်လေးကိုနှိပ်လိုက်ရင်ပုံပါအတိုင်း effect တွေအများကြီးပေါ်လာပါတယ်..အခုကျွန်တော်ရွေးထားတာက
3D spin in and grow ဆိုတဲ့အပြာရောင်အကွက်လေးနဲ့ effect ပါ..သူငယ်ချင်းတို့ကကြိုက်ရာရွေး..ကိုယ်ကြိုက်တာတွေ့ရင်
မြှားတစ်ချက်နှိပ်ပေးလိုက်..အပေါ်မှာပြထားတဲ့ နံပါတ်(၃)နေရာလေးမှာအဲဒီအတိုင်းပေါ်လာမယ်..အဲလိုပေါ်လာခဲ့ရင်ကျွန်တော်တို့
အခုသုံးထားတဲ့ effect လေးကဘယ်လိုအလုပ်မျိုးလုပ်တယ်ဆိုတာလေးကိုစမ်းကြည့်ပါမယ်..ပုံကအပေါ်မှာလိမ္မော်ရောင်အကွက်လေး
နဲ့ပြထားတဲ့နေရာမှာလည်းကြည့်လို့ရပါတယ်..အကောင်းဆုံးကတော့ခုနက ကျွန်တော်တို့ရွေးထားတဲ့နံပါတ်(၃)နေရာက
3D spin in an grow ဆိုတဲ့အပြာရောင်အကွက်လေးပေါ်မှာပဲ မြှားနှစ်ချက်ဆက်တိုက်နှိပ်လိုက်ပါ..ပုံကိုကြည့်ပါ..
နံပါတ်(၄)နေရာမှာ မြှားပြထားတဲ့အတိုင်းပေါ်လာပါမယ်..အဲဒါလေးကိုနှိပ်ကြည့်ပါ..effect ရဲ့အမြန်၊အနှေးနှုန်းကိုမြင်ရမှာပါ..
effect ၀င်လာတာအရမ်းမြန်တယ် ဖြည်းဖြည်းချင်းပေါ်လာတာမျိုးကိုကြိုက်တယ်ဆိုရင်တော့ပြင်လို့ရပါတယ်..stop effect
လေးကိုနှိပ်လိုက်ပါ..အဲဒီ stop ကဘယ်နားမှာလည်းဆိုရင်ခုနက နံပါတ်(၄)နေရာမှာမြှားပြထားတဲ့အပြာရောင်နေရာလေးမှာပါပဲ
အဲဒီအပြာရောင်နေရာလေးကိုနှိပ်လိုက်ရင် အမည်းရောင်လေးထောင့်ကွက်လေးတစ်ခုပေါ်လာပါတယ်..အဲဒါလေးက stop ပါပဲ..
ဘယ်လိုပြင်မလည်းဆိုတော့နံပါတ်(၅)နေရာမှာအစိမ်းရောင်ကွက်လေးထဲက 20 ဆိုတာလေးကိုပြင်ပေးရမှာပါ..
နှေးချင်ရင် 20 ဆိုတဲ့နေရာမှာ 50 လောက်ထားကြည့်လိုက်..အဲဒီထက်နှေးချင်ရင်တော့ 60,70 ကြိုက်သလောက်ပေါ့..
တစ်ခါပြင်ပြီးတိုင်းတစ်ခါ play effect ကိုနှိပ်ကြည့်..ကိုယ်ကြိုက်ပြီဆိုရင် ရပြီပေါ့..
အခု အထွက်အတွက် effectထည့်ပါမယ်..သဘောပေါက်ရမှာတစ်ခုက စာသားတိုင်းမှာ အ၀င်ရှိရင်အထွက်လည်းရှိရပါ့မယ်..
ဒါကြောင့်စာသားတိုင်းကို effect in,effect out ထည့်ပေးရပါမယ်..
အခုနေညိုချိန်ဆိုတဲ့စာသားအတွက် effect in ထည့်ပြီးသွားပါပြီ..ဒီတော့ effect out ထည့်တာလေးကြည့်ရအောင်..



effect out ထည့်ဖို့အတွက်နံပါတ်(၁)နေရာကအကွက်လေးကိုနှိပ်ပါ..အဲလိုနှိပ်လိုက်ရင် 35 မှာအနီရောင်အကွက်လေးနဲ့

မျဉ်းလေးတစ်ခုပေါ်လာပါတယ်..အဲဒါကတော့ကျွန်တော်တို့လိုချင်တဲ့အကွာအဝေးကိုအဲဒီမျဉ်းလေးကိုကြည့်ပြီးသိနိုင်ပါတယ်..
effect out ထည့်ရမှာလည်းခုနက effect in ထည့်ထားတဲ့လိုင်းထဲမှာပဲထည့်ရမှာနော်..လိုင်းလွဲသွားရင်မှားသွားပါပြီ..
ကျွန်တော်ကမြင်သာအောင် effect in,out နှစ်မျိုးလုံးကို 20 ဆီပဲရွေးထားပါတယ်..ပုံကိုကြည့်ပါ..
effect in နဲ့ out ကိုနည်းနည်းကွာပြီးထည့်ထားပါတယ်..ဒါမှစာသားတွေချက်ချင်းမပျောက်သွားမှာဖြစ်ပါတယ်..
effect out ထည့်ပုံကခုနက effect in ထည့်ပုံနဲ့တူတူပဲနော်..ကွာခြားချက်က appear in position နဲ့disapper in position
ဆိုတာလေးပဲကွာသွားတာပါ..ကဲ effect in,out နှစ်မျိုးလုံးထည့်ပြီးသွားရင် အဲဒါ effect နှစ်မျိုးလုံးကို play ကြည့်ရအောင်..
နံပါတ်(၃)နေရာလေးကိုနှိပ်ကြည့်ပါ..မကြိုက်သေးရင်ပြန်ပြင်ပေါ့..ဒါပါပဲ effectထည့်နည်းကတော့..စာသားတိုင်းကိုအဲလိုပဲeffect out
ထည့်ရမလားဆိုတော့ကိုယ့်စိတ်ကြိုက်ပေါ့နော်...တစ်ကြောင်းချင်းစီကိုထည့်လည်းရပါတယ်..၃,၄ ကြောင်းပြီးမှ
တစ်ပြိုင်တည်းထည့်မလားဆိုလည်းရပါတယ်..ကိုယ့်ဖန်တီးမှုအပေါ်ပဲမူတည်ပါတယ်..နောက်ထက်ထပ်ကြည့်ပေးပါအုံး..
အခုမြှားပြထားတဲ့အကွက်လေးထဲက ပန်းရောင်လေးထောင့်တုံးလေးကသီချင်းကို play နှိပ်လိုက်ရင်အဲဒါလေးကပြေးနေပါတယ်..
ကျွန်တော်တို့ကအဲဒါလေးကိုလိုက်ဖမ်းပြီးသီချင်းစာသားတွေနံပါတ်ဘယ်လောက်မှာစထည့်ရမယ်ဆိုတာကိုကြည့်ရတာပါ..
အခုကျွန်တော်ထည့်ထားတဲ့သီချင်းက ပထမဆုံးစာသားက 'နေညိုရင်တို့ဝေးရမယ် သိထားလည်း' ဆိုတာလေးပါ..
အဲဒီစာသားလေးကိုအရင်ဆုံးရေးလိုက်ရအောင်..စာရေးပုံ၊effect ထည့်ပုံတွေကတော့ဖော်ပြခဲ့ပြီးပြီနော်..အပေါ်ကအတိုင်းပါပဲ...
အဲဒီနေညိုရင်တို့ဝေးရမယ် သိထားလည်း ဆိုတဲ့စာသားက နံပါတ် ၄၄၀ မှာစတာပါ..အဲဒီနေရာလေးကိုမှတ်ပြီးထည့်effectထည့်ရမှာပါ.
အခုပုံပါအတိုင်းပါပဲ..သီချင်းအစက ၄၄၀ မှာစတာဖြစ်ပေမယ့်ကျွန်တော်က ၄၁၈ လောက်ကတည်းက effect in ကိုစထည့်ထားပါတယ်.
ဘာလို့ဆိုတော့ ၄၄၀ အတိအကျကစထည့်ရင်စာသားအ၀င်နဲ့ကွက်တိကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ effectတွေက
သူခိုးလူမိလို့ပြေးရသလိုကမန်းကတန်းရှပ်တီးရှပျာနဲ့ကြည့်မကောင်းပါဘူး..:P...
အခုကျွန်တော်က 418 နဲ့စထားပြီးeffect ရဲ့ရှည်လျားချိန်ကိုတော့ ၈၀ နဲ့သတ်မှတ်ထားပါတယ်..တကယ်ဆိုအဲဒီစာသားက
၁၂၀ လောက်ချိန်ထားမှကြည့်ကောင်းတာပါ..သူငယ်ချင်းတို့ကလည်းဂရုတစိုက်လေးချိန်ကြပေါ့..effect out လည်းအဲဒီအတိုင်းပဲနော်.
ကဲအဲဒီ အတိုင်းလေးပဲစာသားတိုင်းကိုဖြည်းဖြည်းချင်းဂရုတစိုက်လုပ်သွားမယ်ဆိုရင်နောက်ဆုံးမှာ flash song တစ်ပုဒ်
အောင်မြင်အောင်ဖန်တီးတက်သွားမှာပါ..mouse effect ထည့်နည်းတို့တခြား effect ထည့်နည်းတို့ကတော့
အပေါ်က ဆော့ဝဲ(လ်)တွေနေရာမှာ ebooks လေးတွေဖတ်ပြီးထည့်လိုက်ပါ..ဒီမှာကကွန်နက်ရှင်ကိုအားနာလို့
မရေးပြတော့ပါဘူး..နောက်ဆုံးအပိုင်းလေးပဲကျန်ပါတော့တယ်..
သိမ်းပုံသိမ်းနည်းကတော့နံပါတ်(၁)နေရာက file ကိုနှိပ်ပါ၊နံပါတ်(၂)နေရာက EXPORT ကိုနှိပ်ပါ..ပြီးရင် နံပါတ်(၃)နေရာက swf ကိုနှိပ်ပါ..
နံပါတ်(၃)ကိုနှိပ်ပြီးရင် ဒီလိုလေးသိမ်းဖို့ပေါ်လာပါမယ်..lesson ဆိုတဲ့နေရာမှာ အခုသူငယ်ချင်းတို့ဖန်တီးထားတဲ့
သီချင်းနာမည်လေးကိုရေးထည့်ပေါ့..ပြီးရင်တော့ save ပေါ့..ဒါပါပဲ..
သီချင်းဖိုင်ဆိုဒ်ကိုတော့ 5mb ထိမကျော်တာပဲကောင်းပါတယ်..ဇွဲကပင်မှာတင်မယ်ဆိုရင်တော့
ဇွဲကပင်မြေက pro ဆိုက်ဖြစ်တဲ့အတွက် 7mb ထိလက်ခံပါတယ်..ဒါပေမယ့်ကွန်မကောင်းရင်သီချင်းပေါ်လာဖို့
တော်တော်လေးအာရုံနောက်ရပါတယ်..အကောင်းဆုံးကတော့ 4mb,5mb ဆို ok ပါပြီ..
ဒီလောက်ဆိုရင်ရလောက်ပြီလို့ထင်ပါတယ်..အများကြီးကျန်ပါသေးတယ်..
သီချင်းချုံ့ဖို့ ကွန်ဗက်တာတို့၊သီချင်းတင်နည်းတို့ effectတွေကိုကိုယ့်စိတ်ကြိုက်ဒီဇိုင်းပြန်ပြင်တာတို့..ကျန်ပါသေးတယ်
အခုတော့မရေးပြတော့ပါဘူး..လိုအပ်ရင်တော့အော်လိုက်ပါ..လိုအပ်တဲ့အပိုင်းကိုကျွန်တော်တင်ပေးပါ့မယ်..
စာတွေပုံတွေကြည့်ပြီး အာရုံစားသွားနိုင်ပါတယ်..ဘာပဲဖြစ်ဖြစ်ဖြည်းဖြည်းခြင်းလေ့ကျင့်သွားရင်ရသွားမှာပါ..
သိချင်တာရှိရင်မေးလို့ရပါတယ်..ကျွန်တော်လည်းသိပ်မသိသေးပါဘူး..ကျွန်တော့်သီချင်းတွေကိုလည်း

အကောင်းဆုံး၊စိတ်ကြိုက်သီချင်းဆိုတာမျိုးလည်းအခုထိမဖန်တီးနိုင်သေးပါဘူး..ဒါကြောင့်ကျွန်တော်ကိုမေးလို့
ကျွန်တော်ကသိတာဆို သိတာကိုပြောပြပါ့မယ်..မသိဘူးဆိုရင်လည်းမသိဘူးလို့အရိုးရှင်းဆုံးဖြေပါ့မယ်..
ဒါကိုတော့နားလည်ပေးကြပါ..ဘယ်အရာမှပုံသေမတွက်ပဲ ကိုယ့်စိတ်ကူးအတိုင်းပဲဖန်တီးကြပါလို့
ပြောရင်းနဲ့....ဒီလောက်ဆိုရင်တော့ရပြီထင်တယ်နော်...:)

No comments:

Post a Comment