Showing posts with label gtalk. Show all posts
Showing posts with label gtalk. Show all posts

Friday, January 4, 2013

gtalk ကနေ ဟမ်းဖုန်းကိုခေါ်ကြရအောင်

အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45 El
Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1 ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ အတွက်တော့ဝမ်းနည်းပါတယ် အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567 @talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4. Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။ no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။ Helpful Hints ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။ အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။ မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။
 from www.mmcfamily.org

Thursday, January 3, 2013

gtalk passward အကြောင်း

အခုဖြေရှင်းပေးနေရတဲ့ပြသနာလေးတွေပါ တစ်ယောက်လာပီးပြောသွားလိုက် နှစ်ယောက်လာပီးပြောသွားလိုက်နဲ့ နဲ့မလို့ပါ တစ်ယောက်လာပြောပျံပီ အကောင့်သူများခိုးသွားလို့တဲ့ တကယ်တမ်းတော့ ကိုယ့်အကောင့်ကို ဘယ်သူမှမခိုးပါဘူး ခိုးပီးတော့ကောဘာလုပ်မှာလည်း တစ်ချို့ကတော့ ထောက်ချောက်ဆင်တက်ကြတယ် အဲ့ဒါကတော့ Gmail အတုတွေရယ် Mail ထဲဝင်လာတဲ့ Mail ကို Recover လုပ်မလားဆိုတဲ့မေးကို သွားဖွင့်ပီးတော့ UserName နဲ့ Password ကိုထည့်ပေးလိုက်လို့ဖြစ်ပါတယ် နောက်တစ်ခုကတော့ KeyLogger ကိုစက်ထည်းသွင်းထားလို့ဖြစ်ပါတယ် တကယ်တမ်းတော့ အဲ့ဒါတွေအားလုံးဟာ အလှူလာခံကြတယ်လို့ပဲပြောရမှာပေါ့ (User Name နဲ့ Password အလှူခံသည်)အဲ့လိုအော်ပီးတော့ကိုဝင်လာကြတာပါ ကိုယ့်က သွားလှူလိုက်တော့ ပါသွားတာပေါ့လေ ဟိဟိ ပြောတဲ့လူတွေများလာတော့လည်း မရေးမဖစ်ရေးမှရတော့မှာမလို့ ရေးပါတော့မယ် အကောင့်ကပျောက်တာမဟုတ်ပါဘူး ခိုးခံရတာလည်းမဟုတ်ပါဘူး သူငယ်ချင်းကိုယ်တိုင်က လိုက်လိုက်လဲလဲ ပေးမိလိုက်တာပါ အဲ့ဒါကို သူငယ်ချင်းကိုတိုင်က မသိလိုက်တာပါ တစ်ချို့တွေကပိတ်ဖို့မေ့ခဲ့ကြတာပါ Gmail ပိတ်ဖို့မေ့ခဲ့ရင်တော့ဖြင့်(သို့မဟုတ်)Remember ပေးထားတာပဲဖြစ်ဖြစ် Browser ထဲမှကျန်ခဲ့တက်ပါတယ် Gtalk ပိတ်ဖို့မေ့သွားရင်တော့ ယူတဲ့သူကလွယ်လွယ်နဲ့တော့ ယူလို့မရပါဘူး ဒါပေမယ့်ယူလို့ရပါတယ် Password See Software တွေရယ် Gtalk Password Recover Software တွေကိုအသုံးပြုရပါတယ် Password See Software ကိုအသုံးပြုမယ်ဆိုရင်ဖြင့် တစ်ခါ တစ်ခါ ကွန်နရှင်ကျခဲ့ရင် Gtalk ကအော်တိုပြန်အောက်သွားပါတယ် UserName နဲ့ Password ပြန်ပေါ်လာပါတယ် အဲ့အချိန်မှာ Password See Software တစ်ခုခုကို Gtalk ပေါ်မှာထောက်လိုက်တာနဲ့ Password ကိုတွေ့ရပါတယ် ကွန်နရှင်မကျမချင်းထိုင်စောင့်ပီးတော့ ယူမှရမှာပေါ့လို့ စဉ်းစားမိပါလိမ့်မယ် ဒါပေမယ့် My Network Place ကနေ Disable ပေးလိုက်ရင် ကွန်နရှင်ကျတာနဲကတူတူပါပဲ နောက်တစ်ခုကို Gtalk Proxy ကို မရှိတဲ့ Proxy တစ်ခုခုရှောက်ထည့်လိုက်ရင်လည်း ကွန်နရှင်ကျသွားတာနဲ့အတူတူပါပဲ Gtalk Password Recover Software ကိုသုံးတာကတော့ အဲ့ Software တွေမှာ Scan ဖတ်တာပါပါတယ် လောလောဆယ်ဖွင့်ထားတဲ့ Gtalk အကောင့်က Password ကို Scan ဖတ်ပီးတော့ယူသွားပါတယ် အဲ့ဒါကတော့ပိုလွယ်တာပေါ့ တစ်ချို့ဆိုရင် ကြိုတင်စည်စဉ်လာကြတယ်လေ အဲ့ Software လေးတွေကို Portable Version အဖြစ်ပြောင်းလဲလာပါတယ် ပီးတော့ ကွန်ပျူတာနားမှာ စတစ်လေးထိုးပီးတော့ ယူသွားယုံပဲပေါ့ ဒါကသူငယ်ချင်းကိုယ်တိုင်လှူခဲ့လို့ပါ ဟိုတစ်ယောက်ကလည်း ဒါနမြောက်အောင်ယူသွားတာပေါ့လေ ဒါပေမယ့် အဲ့ရန်တွေကို ကြိုတင်ကာကွယ်ဖို့ အောက်မှာမှော်မှော်ရေးပေးမယ်နော် အဲ့ဆိုရင် အေးဆေးပဲ ခဏလှူလိုက်မယ် ပီးတော့ပြန်ယူမယ် မီးကိုကစားကမကောင်းဘူးလို့တော့ပြောခြင်တယ်နော် ဘာကြောင့်လည်းဆိုတော့ ကိုယ့်ထပ်တော်တဲ့သူ တက်တဲ့သူတွေ အများအပြားရှိသလို ကိုယ်လောက်မတက်ခဲ့ရင်လည်း ရှောက်ဆဲခဲ့ မေးတွေရှောက်ဖြတ်ခဲ့ရယ် ဘယ်လိုလုပ်မလည်း ပီးတော့ အကောင့်ကို ပြန်မရခဲ့ရင်မှော်မှော်ကတော့ တော့တာဝန်ယူဘူးနော် တစ်ချို့တွေက မဆင်မခြင်ဖွင့်လိုက်တာပါ ဥပမာနေရာနှစ်ခု ကိုတစ်ပြိုင်တည်းဖွင့်သလိုဖြစ်သွားတာပေါ့ freedom Software လေးကိုသုံးဖူးကြရင်တော့သိမှာပါ ဒါပေမယ့် တစ်ချို့က Freedom ကိုသုံးပီးပတ်မသွားပါဘူး ဒါကြောင့်နောက်လူက လာပီးသူ့အကောင့်ကို ဖွင့်လိုက်တာနဲ့ Disable ဖြစ်ရောလေ ဘာကြောင့်လည်းဆိုတော့ Freedom ကသူများနိုင်ငံ proxy ကိုသုံးတာပါ ဥပမာ US Proxy ကိုသုံးတယ်ထား User တစ်ယောက်က တခြားဆိုင်မှာ မြန်မာ Proxy နဲ့သုံးလာပါတယ် ပီးတော့ ဒီဆိုင်မှာ US Proxy ကိုသုံးမိလိုက်တယ် အဲ့တော့ဘာဖြစ်သွားလည်း အဲ့အကောင့်က ခုနက မြန်မာမှာ အခုချက်ခြင်းပဲ US ကိုရောက်နေတယ် ဆိုတော့ Google Server ကမယုံတင်ကာဖြစ်ပီးတော့ ဖြတ်လိုက်တာပေါ့ အဲ့ဒါနဲ့ အကောင့်လေးက ပျက်သွားရောပေါ့ အကယ်၍ သုံးခြင်တယ်ဆိုရင်ပေါ့ Proxy နှစ်ခု အပြောင်းအလဲလုပ်မယ်ဆိုရင် အနည်းဆုံး နှစ်နာရီခြားပါ ပီးတော့ Gmail အတုနဲ့တွေ့လိုက်ရင်တော့ Password ပါသွားတာပေါ့ တကယ်တမ်းတော့ Gmail မှာ Password ကအဓိကလုံခြုံရေးစနစ်မဟုတ်ပါဘူး လုံခြုံရေးစနစ်အဓိက သုံးခုရှိပါတယ် အောက်မှာပြောပြသွားပါမယ် Gmail Password ပျောက်သွားလို့ Gmail အကောင့်တစ်ခုဆုံးရှုံးသွားပီလို့မထင်လိုက်ပါနဲ့ ပြန်ယူလို့ရပါတယ် ပြန်ယူနည်းသုံးနည်းရှိပါတယ် အဲ့ဒါကိုလည်းပြောပြပါမယ် Disable ဖြစ်သွားခဲ့ရင်တော့ 24 နာရီစောင့်ကြည့်လိုက်ပါ ပီးရင် ပြန်ဖွင့်ကြည့်ပါမရလျှင် နောက်ဆုံးတစ်နည်းတော့ကျန်ပါသေးတယ် ရမရတော့အာမမခံပါဘူး ဘာကြောင့်လည်းဆိုတော့ မှော်မှော် စမ်းတာ တစ်ချို့အကောင့်တွေ ပြန်မရခဲ့ပါဘူး တစ်ချို့အကောင့်တွေတော့ လွယ်လွယ်နဲ့ပြန်ရပါတယ် ကဲသင်ခန်းစာလေးစလိုက်ရအောင်
Gmail Recover လုပ်ထားပါ
ဘာကြောင့်လည်းဆိုတော့ Password ပြန်ယူရာမှာ Recover မလုပ်ထားပါက ပြန်ယူလို့ရမယ်မဟုတ်ပါ အဲ့ဒါကြောင့်အရင်ဆုံးကာကွယ်နည်းကို ပြေပြပါမယ် အခြားမေးတွေ အကောင့်တွေမှာလည်း Recover ဆိုတာရှိကြပါတယ် သူ့နည်းနဲ့သူပေါ့ Gmail Recover လုပ်နည်းသုံးနည်းကိုပြောပြပါမယ် အဲ့ဒါတွေက တကယ်တမ်းတော့ အကောင့်စလုပ်ကတည်းကလုပ်ထားရမှာပါ ဒါပေမယ့် အကောင့်ရှိပီးသားသူတွေအတွက် အရင်ရေးပေးပါမယ် ဘာကြောင့်လည်းဆိုတော့ အကောင့်အသစ်လုပ်ရန်အလွန်ခတ်ခဲသွားပီဖြစ်သောကြောင့်ဖြစ်သည်
Gmail Recover လုပ်နည်း

အခြား Gmail အကောင့်နှင့် Recover လုပ်တာဖြစ်ပါတယ် ဒါပေမယ့် အကောင့်နှစ်ခုရှိတဲ့သူများအတွက်ပိုအဆင်ပြေပါတယ် ဘာကြောင့်လည်းဆိုတော့ လူ့စိတ်ကမျောက်စိတ်လိုပဲလေ သူများအကောင့်ကို Recover ပေးထားမိရင် ဖြတ်လိုက်ပါ အဲ့ Recover ပေးခံထားရတဲ့အကောင့်ပိုင်ရှင်က သူငယ်ချင်းတို့အကောင့်ကို အချိန်မရွှေး တစ်ရေးနိုးထပီးတော့ Password ကိုပြောင်းပစ်လို့ရပါတယ် အကောင့်နှစ်ခုပိုင်ထားသူများကတော့ အကောင့်အချင်းချင်း Recover ပေးထားလို့ရပါတယ် အဲ့ဒါအဆင်ပြေတာပေါ့ Gmail ကိုအရင်ဖွင့်လိုက်ပါ ပီးရင် Setting >> Accounts and Import >> Google Account Settings ကိုနှိပ်လိုက်ပါ အဲ့ဆို အောက်ကပုံအတိုင်းပေါ်လာမှာဖြစ်ပါသည်

ဝဘ်ဆိုက် စ်ခုတည်ဆောက်ခြင်း(၁)

ကျွန်တော် အခုပြောမယ့် ၀ဘ်ဆိုက်ကိုတော့ html code နားမလည်တဲ့သူရော နားလည်တဲ့သူရော ရှိထားသင့်တယ်ထင်လို့ ပြောပြလိုက်တာပါ ... အရမ်းကောင်းတဲ့ဆိုက်တစ်ခုဖြစ်လို့ပါ .. အရင်တစ်ခါ လမ်းညွှန်ပေးတဲ့ http://www.webs.com လိုမျိုးတော့ မဟုတ်ပါဘူး .. http://www.webs.com က အရမ်းကို လေးပါတယ် .. ဆိုက်တစ်ခုလုပ်ဖို့ နှေးနေရင် ဘာမှ လုပ်လို့အဆင်မပြေပါဘူး .. ကျွန်တော် webs.com ကို ကြိုက်ပါတယ် .. ဒါပေမယ့် မသုံးဖြစ်ဘူး ..ဘာဖြစ်လို့လဲဆိုရင် နှေးနေလို့ .. အဲ့ဒါကြောင့်နောက်ထပ် အသစ်လိုက်ရှာနေတာ . မတွေ့မချင်း လုံးဝအသိမပေးသေးဘူးဆိုပြီး ကြိတ်ရှာနေတာ .. ဟောအခုတွေ့ပါပြီဗျာ ..http://www.yola.com တဲ့ .. ဘာကောင်းသလဲမမေးနဲ့ .. မြန်လဲမြန်တယ် .. အဲ့ဒီ့ဆိုက်လေးကို update လုပ်ထားတာ မကြာသေးဘူးဗျ .. ဒီဇိုင်းတွေလဲ ပိုစုံလာတယ် .. ကောင်းတာတွေကိုလဲ ပုံလေးတွေနဲ့ ပြောပြမယ် .. ကျွန်တော် အဲ့ဒီ့ဆိုက်လေးကို crazy ဖြစ်သွားလို့ နောက်ရက်တွေကစပြီး အဲ့ဒီ့ဆိုက်လေး အသုံးပြုပုံ၊ အသုံးပြုနည်းတွေနဲ့ တင်သွားပေးမှာပါ .. ဒီနေ့တော့ အစပေါ့ .. တစ်ခြားအကြောင်းအရာတွေကို နဲနဲလေး ရပ်ထားပြီး ဒီဆိုက်လုပ်နည်းလေးနဲ့ အသုံးပြုနည်းလေးကို ရှင်းပြသွားပါ့မယ် .. အရမ်းလဲလွယ်ပါတယ် .. ဒါပေမယ့် စသုံးတဲ့သူတွေအတွက် လူတစ်ယောက်မှာ ကိုယ်ပိုင်ဆိုက်လေးတစ်ခု ရှိသွားစေချင်တာပါ ..
ကဲအောက်မှာကြည့်လိုက်ဗျာ ပုံတွေနဲ့ရှင်းပြထားတယ် ..

အားရင် အားသလို တင်သွားပေးပါ့မယ် ... ဆိုက်တွေကတော့ လိုက်လိုက်ပြီးလုပ်ထားတာကို တော်တော်များနေပြီ အကြိုက်မတွေ့သေးလို့ .. အခုတော့တွေ့သွားပါပြီ ..
http://www.nyinaymin.co.cc, http://www.thurain.co.cc, http://grou.ps/nyinaymin, http://nyinaymin.page.tl
http://nyinaymin.webs.com,
အခုနောက်ဆုံးတွေ့လိုက်တဲ့ http://naymin.synthasite.com တဲ့ ဒီဇိုင်းတွေကတော့ ဖရီးပေးထားတာ လန်ထွက်နေတာပဲ ... ပြီးတော့ သူက အကောင့်တစ်ခုတည်းရှိရုံနဲ့ web ပုံစံရော blog ပုံစံရော နှစ်မျိုးလုံးနဲ့ ရေးလို့ရတယ် .. ပြီးတော့ ကျွန်တော်တို့ html code တွေကိုလဲ ခေါင်းစားစရာမလိုဘူး .. blog မှာဆိုရင် လိုက်ပြီး template ရှာရ .. ရှာလို့တွေ့တော့လဲ . column မပါလို့ စိတ်ညစ်ရ .. ပါတော့လဲ ကော်လံကို ၂ ခုလောက်ထားချင်တာတို့လိုမျိုးပေါ့ ... အဲ ဆိုက်လေးက ကိုထားချင်တဲ့ ပုံစံမျိုးသူ ကော်လံအမျိုးအများကြီးပေးထားတယ် ဆိုက်ကိုလဲ ကိုရှိထားတဲ့ ဒီဇိုင်းကို ပုံစံအမျိုးမျိုး ဖန်တီးလို့ရတယ် .. ရောလို့ရတယ် .. ကဲပါ ကျွန်တော် တစ်ဖြည်းဖြည်းချင်းစီ ရေးသွားပေးမယ် .. နဲနဲတော့စိတ်ရှည်ပါ .. နားလည်တဲ့သူတွေအတွက်တော့ သုံးတတ်လိမ့်မယ်လို့ထင်ပါတယ် ... အဲ့ဒီ့ website လေးကိုသွားချင်ရင် (http://www.yola.com/) ပါ .. ကဲကံကောင်းနိုင်ကြပါစေဗျာ ..
ကျွန်တော် မနက်ဖြန်ကျမှ ပုံတွေနဲ့ သေချာ ရှင်းပေးပါ့မယ် .. သူငယ်ချင်းတို့ စမ်းသုံးကြည့်ကြပါဦး ..