Saturday, January 5, 2013

Programming အကြောင်း

Programming Language တစ်ခုကို တစ်ကယ်တတ်ချင်ရင် အဲဒီ ဘာသာစကားတွေရဲ့ အခြေခံအကျဆုံးအချက်တွေဖြစ်ကြတဲ့ Program Structure, Variable Declaration, Boolean Operator, comparison Operator, Conditional Statements တွေလို အချက်တွေကို သေသေချာချာသဘော ပေါက်မှဖြစ်ပါမယ်ဆရာကြီးလုပ်ချင်တဲ့သဘောမျိုး လုံးဝ(လုံးဝ)မပါတဲ့အပြင်၊ မှားနေတာတွေ လိုနေသေးတာတွေကိုတွေ့ရင်လဲ အားမနာ ပါးမနာ ထောက်ပြဝေဖန်နိုင်ကြပါကြောင်း ခင်ဗျာ။ ဖြည့်ချင်တဲ့သူရှိလဲ အားရပါးရကြီးသာ ဖြည့်ပေးကြပါ... နော် ...။ ကဲ စပြီဗျာ...။ Program Structure. အခြေခံအားဖြင့် ရိုးရိုးလေးပါ။ ၁။ ပရိုဂရမ်အစဖြစ်ကြောင်း သိသာအောင်လုပ်တယ်။ ၂။ ကိန်းရှင်တွေ(Variable)ကိုကြေငြာတယ်။ ၃။ တစ်ကယ် အလုပ်လုပ်တဲ့ ပရိုဂရမ် လာတယ်။ ဒါပါပဲ။ အရှင်းဆုံးဖြစ်တဲ့ Hello World လေးနဲ့ စလိုက်ရင် ဒီလိုရှိပါတယ်။ run လိုက်ရင် Hello World လို့ မော်နီတာ စကရင်မှာပေါ်လာမယ့် ပရိုဂရမ်လေးပါပဲ။ အဲဒါလေးကို Language အမျိုးမျိုးနဲ့ ရေးပြပါ့မယ်။ အဲဒီလိုရေးပြထားတာတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ Program Structure ဆိုတာဟာ ဒါမျိုးပါလားလို့ ရှင်းရှင်းကြီးသိလာမှာသေချာပါတယ်။
"C" နဲ့ရေးရင် ဒီလို ....
#include ; void main() { printf("Hello World"); }


C++ နဲ့ရေးရင် ဒီလို ....
#include ; int main() { cout "Hello World"; return 0; }

Pascal နဲ့ရေးရင် ဒီလို ....
program helloworld (output); begin writeln('Hello World');

end. Oracle PL/SQL နဲ့ရေးရင် ဒီလို ....
CREATE OR REPLACE PROCEDURE helloworld AS BEGIN DBMS_OUTPUT.PUT_LINE('Hello World'); END;

Java နဲ့ရေးရင် ဒီလို ....
class helloworld { public static void main (String args []) { System.out.println ("Hello World"); } }

Perl နဲ့ရေးရင် ဒီလို ....
#!/usr/local/bin/perl -w print "Hello World";

Basic နဲ့ရေးရင် ဒီလို ...
print "Hello World"

TASL နဲ့ရေးရင် ဒီလို ...
10 print "Hello World"


ကဲ နောက်တစ်ဆင့်တက်လိုက်ရအောင်။ Variable Declaration. Variable ဆိုတာဟာ ပရိုဂရမ်ထဲမှာ တောက်လျှောက်သုံးသွားမှာဖြစ်တဲ့ အစားထိုးအညွှန်းလေး တွေပါပဲ။ အဲဒီလိုသုံးဖို့အတွက် ကိုယ်မှတ်မိနိုင်တဲ့ နာမည်တွေပေးသွားပြီး၊ အဲဒီနာမည်တွေကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းတွေအစား နာမည်လေးတွေကိုပဲ သုံးသွားတာပါ။ ဒါပါပဲ။ ဒါပေမယ့် အမျိုးအစားသတ်မှတ်ချက်လေးတွေတော့ ရှိပြန်ပါသေးတယ်။ သိပ်မများပါဘူး။ လေးခုလောက်ပါ။ Integer - ဆိုတဲ့ကိန်းပြည့် Real - ဆိုတဲ့ ကိန်းထွေ လို့ခေါ်နိုင်တဲ့ကိန်းမျိုး(လာမှာပါ၊ ပိုရှင်းသွားအောင်) Character - အက္ခရာ String - အက္ခရာတွဲ .... ဒါပဲ။ ကိုယ်သုံးတော့မယ့် Variable ဟာ ဘယ်အမျိုးအစားဖြစ်တယ်ဆိုတာကို အရင်ဆုံးကြေငြာတာကို Variable Declaration လို့ခေါ်တာပါ။ ဒါပဲ ..ဒါပဲ။ ဟောဒီမှာကြည့်။ သေချာကြည့်လေ ရှင်းလေဖြစ်မှာပါ။
C နဲ့ရေးရင် ဒီလို ....
#include ; void main() { int age; float salary; char middle_initial; age = 21; salary = 29521.12; middle_initial = "K"; printf("I am %d years old ", age); printf("I make %f8.2 per year " salary); printf("My middle initial is %c ", middle_initial); }

Pascal နဲ့ရေးရင် ဒီလို ....
program myexample (output); var age: integer; salary: real; middle_initial: char; begin age := 21; salary := 29521.12; middle_initial := 'K'; writeln('I am ', age, ' years old'); writeln('I make ', salary, ' per year'); writeln('My middle initial is ', middle_initial); end.

Oracle PL/SQL နဲ့ရေးရင် ဒီလို ....
CREATE OR REPLACE PROCEDURE myexample AS age NUMBER; salary NUMBER; middle_initial CHAR(1); BEGIN age := 21; salary := 29521.12; middle_initial := 'K'; DBMS_OUTPUT.PUT_LINE('I am ' || age || ' years old'); DBMS_OUTPUT.PUT_LINE('I make ' || TO_CHAR(salary, '99999.99') || ' per year'); DBMS_OUTPUT.PUT_LINE('My middle initial is ' || middle_initial); END;

Java နဲ့ရေးရင် ဒီလို ....
class myexample { public static void main (String args []) { int age; double salary; String middle_initial; age = 21; salary = 29521.12; middle_initial = "K"; System.out.println ("I am " + age + " years old "); System.out.println ("I make " + salary + " per year"); System.out.println ("My middle initial is " + middle_initial); } }

Perl နဲ့ရေးရင် ဒီလို ....
#!/usr/local/bin/perl $age = 21; $salary = 29521.12; $middle_initial = "K"; print "I am " . $age . " years old "; print "I make " . $salary . " per year "; print "My middle initial is " . $middle_initial;

Basic နဲ့ရေးရင် ဒီလို ...
Dim age AS Integer Dim salary AS Decimal Dim middle_initial As String age = 21 salary = 29521.12 middle_initial = "K" print "I am " & age & " years old " print "I make " & $salary & " per year" print "My middle initial is " & $middle_initial

TASL နဲ့ရေးရင် ဒီလို ...
10 a=21 20 s=29521 30 c=s\12 40 print " I am ",a," years old " 50 print " I make ",s," per year" 60 print " My salary is ",c

ကဲ ... နောက်တစ်ခုကိုပြောတော့မယ်။ Boolean အကြောင်းလေး။ George Boole ဆိုတဲ့ သင်္ချာပညာရှင်ကြီးတစ်ယောက် ၁၉ ရာစုတုန်းက တီထွင်ခဲ့တဲ့ သင်္ချာတွက်နည်းဖြစ်လို့ Boolean သင်္ချာလို့ခေါ်တာပါ။ လောဂျစ်သင်္ချာတစ်မျိုးပါပဲ။ AND, OR, NOT တွေကိုသုံးပြီးသက်သေပြတာ။ ဒါပဲ။ နမူနာပြရရင် ... 5 < 6 ။ ၅ သည် ၆ ထက်ငယ်၏။ ဒါဟာ မှန်လား မှားလား။ မှန်တယ်။ ဒိထက်မှန်တာတော့မရှိ။ ဒါဆို TRUE ပေါ့။ နောက်တစ်ခုကိုကြည့်ဦး။ I am 6 feet tall AND I am president of the United States. ကျွန်တော်ဟာ အရပ် (၆)ပေရှည်ပြီး၊ အမေရိကန်သမတလဲ ဖြစ်တယ်။ ဘယ့်နှယ်။ အိုဘားမားကြီး ဘယ်သွားထားမတုန်း။ အရပ်ကတော့ ထားလိုက်ပါတော့။ နှစ်ခုစလုံးဟုတ်မှ အမှန်ဖြစ်မှာ။ ဒီတော့ကာ.. မှားပါသည်။ FALSE ... ကဲ... ဒါကျတော့ရော... I am 6 feet tall OR I am president of the United States. ကျွန်တော်ဟာ အရပ်(၆)ပေရှည်သည်(သို့မဟုတ်)အမေရိကန်သမတဖြစ်သည် ။ (၆)ပေရှည်ရင် အမေရိကန် သမတမဟုတ်။ အမေရိကန်သမတဆိုရင် (၆)ပေရှည်တာမဟုတ်။ တစ်ခုခုဟုတ်ရင်ကိုပဲ မှန်ပြီ။ ခုနကစာကြောင်းနဲ့ အများကြီးကွဲသွားပြီနော်...။ ဒီတော့ကာ ... မှန်သည် လို့ပြောနိုင်ပါတယ်။ TRUE .... ဒါပါပဲ Boolean လောဂျစ်ဆိုတာ။ ဒါလောက်ပါပဲ။ အဲဒါတွေကို ဟောဒီလို သင်္ကေတတွေနဲ့ သုံးကြပါကြောင်းဗျား ...။ အဲဒါတွေကို Boolean Operator တွေလို့ခေါ်ကြသဗျ။
Mathematics ......
C or C++ ............ && || !
SQL .................... AND OR NOT
Pascal ................ AND OR NOT
Perl .................... & || !
Java ................... & || !
Basic .................. AND OR NOT
အသေမှတ်လို့ရတာတွေကတော့ ဒီလိုဗျ...။
True AND True ဆိုရင် True
True AND False ဆိုရင် False
False AND True ဆိုရင် False
False AND False ဆိုရင် False
True OR True ဆိုရင် True
True OR False ဆိုရင် True
False OR True ဆိုရင် True
False OR False ဆိုရင် False
NOT True ဆိုရင် False
NOT False ဆိုရင် True

Boolean Operator တွေပြီးတော့ အနည်းအများ၊ ညီ မညီ နှိုင်းယဉ်တဲ့ သင်္ကေတတွေကိုပြောပါဦးမယ်။ အဲဒါတွေကိုတော့ Comparison Operator တွေလို့ခေါ်ကြပါတယ်။ အဲဒါတွေကတော့ ဒီလိုပါ။
Mathematics = > br/> "C" or C++ == > < !=
Pascal = > >
SQL = > >
Perl == or eq > < != or ne
Java == > < !=
Basic = > < !=
TASL = > > >= <=
ဘယ်လိုသုံးရသလဲဆိုတော့ကာ ....
ကိုစေတန်ဟာ တစ်နှစ်ကို သုံးသိန်းထက်မက၀င်ငွေရှိတယ် ဆိုတာကို Saturn_Annual_Income > 300000 လို့ရေးရင်ဖြစ်ပါတယ်။
ကိုစည်သူက ကိုစေတန်ထက်ပိုကြီးတယ်(အသက်) ... Sithu > Saturn
အမှတ်ပြည့်ဟာ ၁၀၀ ဖြစ်တယ် ..... Full_Marks = 100
အစရှိသည်ဖြင့် ရေးလို့ရပါတယ်။ အဲဒီလိုရေးထားတာတွေကို Expression လို့ခေါ်လေ့ရှိကြပါတယ်။
ဒီလောက်ကတော့ လူတိုင်းလိုလိုသိကြမှာပါလေ...။
ဟုတ်ပြီ ...။ ဒါဆိုရင် Boolaen နဲ့ Comparison Operator တွေကိုပေါင်းကြည့်ရအောင် ...။
အခန်းထဲမှာ ကျောင်းသား အယောက် ၃၀ မကသလို၊ ခုံတွေလဲ ၃၀ မကဘူး ဆိုတာကို ...ဒီလိုရေးလိုက်နိုင်ပါတယ်။
Students_in_class > 30 AND Seats_in_class >30
အချက်အလက်တွေ ဒီလိုရတယ်ဆိုပါစို့ ...။
၁။ ၀န်ထမ်းတိုင်းဟာ ဌာနခွဲအသီးသီးမှာ အလုပ်လုပ်ကြတယ်။
၂။ ဌာနခွဲ ၅ မှာလုပ်တဲ့ ၀န်ထမ်းတိုင်းဟာ လခ ၂၅၀၀၀ ထက်ပိုရကြတယ်။
၃။ ဌာနခွဲ ၄ မှာလုပ်တဲ့ ၀န်ထမ်းတိုင်းကတော့ လခ ၄၀၀၀၀ အတိရကြတယ်။
၎။ ကိုစေတန်ဟာ ဌာနခွဲ ၅ မှာ အလုပ်လုပ်တယ်။
၅။ ကိုစည်သူကတော့ ဌာနခွဲ ၄ မှာအလုပ်လုပ်တယ်။
ကိုင်း အဲဒါတွေကိ ပရိုဂရမ်ထဲသွတ်သွင်းကြည့်မယ်။
Saturn_salary < 25000 AND Saturn_Department = 5
ကိုစေတန်ဟာ ဌာနခွဲ ၅ မှာလုပ်တယ်။ ဟုတ်ပြီ ...။ဒါတော့ TRUE
ဒါပေမယ့် ကိုစေတန်ရဲ့ လခဟာ ၂၅၀၀၀ ထက်နည်းတယ်။ ဒါကတော့ FALSE
ဒီတာ့ TRUE and FALSE = FALSE ပဲရမှာပါ။ ရှင်းတယ်နော်။
NOT Saturn_salary < 25000
ကိုစေတန်ရဲ့ လစာဟာ ၂၅၀၀၀ ထက်နည်းတယ်ဆိုတာ မဟုတ်ပါဘူးတဲ့။ မှန်လိုက်တာ။ NOT False is TRUE
Saturn_salary < 25000 OR Sithu_salary = 40000
ကိုစေတန်ရဲ့ လစာဟာ ၂၅၀၀၀ ထက်နည်တယ်ဆိုတာက FALSE ပါ။ ကိုစည်သူရဲ့ လခက ၄၀၀၀၀ ဆိုတာကတော့ TRUE ပါ။
င်္FALSE OR TRUE is TRUE ပါ။
Saturn_salary > 25000 AND NOT Sithu_salary < 40000
ကိုစေတန်ရဲ့လစာဟာ ၂၅၀၀၀ထက်များတယ်။ TRUE ပါ။
ကိုစည်သူရဲ့ လစာ ၄၀၀၀၀ ထက်နည်းတယ်ဆိုတာ FALSE ပါ။ ဒါပေမယ့် ရှေ့မှာ NOT ရှိနေပါတယ်။ ဒီတော့ NOT FLASE is TRUE ပါပဲ။ ရှင်းပါတယ်နော်။ ဆိုတော့ကာ TRUE(ရှေ့ကဟာနော်) AND NOT FALSE ဆိုတော့ တစ်ကြောင်းလုံးဟာ TRUE ပါပဲခင်ဗျား။
ဒီတော့ကာ အောက်က ဟာလေးတွေကို ကိုယ့်ဖာသာ စဉ်းစားပြီး TRUE FALSE ခွဲကြည့်ကြစမ်းပါ။ 1. Saturn_salary < 25000 OR Saturn_department = 4
2. Saturn_salary >= 25000 AND Sithu_department = 4
3. Saturn_salary < 25000 OR Sithu_salary < 40000 OR Saturn_department = 5
4. NOT(Saturn_salary > 25000 AND Sithu_salary < 40000)
5. Saturn_salary < 25000 AND (Sithu_salary <= 40000 OR Saturn_department = 5)

အခုပြောပြနေတာတွေဟာ ပရိုဂရမ်မင်းကို ၀ါသနာပါသူတွေအတွက် ဖြစ်ပြီး အခုပြောပြသလောက်ကိုတော့ နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။ နားမလည်မချင်း သေသေချာချာပြန်ဖတ်ကြည့်ကြစေချင်ပါတယ်။ ဘယ်လိုဖတ်ဖတ် တစ်ခုမှကိုနားမလည်ဘူးဆိုရင်တော့ ကျွန်တော်ညံ့လို့ပဲဖြစ်မှာပါ။ ဟီး ...။ ကဲ ဆက်ပြောပါဦးမယ်.. Conditional Statement တွေအကြောင်းကို။ အဲဒီမှာ နှစ်ခုထပ်ခွဲလို့ရပါတယ်။ Statements ဆိုတာဘာလဲ .... ။ ကွန်ပျူတာ ဂရိုဂရမ်မင်းမှာ Statements ဆိုတာဟာ .... သီးခြားလုပ်ဆောင်ချက်တစ်ခုခုကိုလုပ်ပေးတဲ့ တစ်ကြောင်းထည်းသောကုဒ် ကိုဆိုလိုတာပါ။(a statement is a single line of code that is used to perform a specific task) ဒီတော့ကာ Conditiona Statement ဆိုတာကတော့ အခြေအနေအရ အလုပ်လုပ်သွားတဲ့ statement ကိုဆိုလိုတာပါပဲ။ အမှန်အမှားကို သူ့ဖာသာဆုံးဖြတ်ပြီး အလုပ်လုပ်သွားတာပါ။ Conditional Expression လို့လဲ တစ်ချို့ကခေါ်ကြပါသေးတယ်။ ခုနက ပြောပြခဲ့တဲ့ boolean နဲ့ comparison operator တွေနဲ့ပါတွဲပြီး .. statement တွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာ ပြောပြမှာပါ။ ခုနကဟာတွေကို မရှင်းသေးရင် အခုဆက်ပြောမယ့်ဟာတွေကိုလဲ ရှင်းမှာ မဟုတ်ပါဘူး။ Conditional Statement တွေကို IF ... THEN... ELSE ဆိုတဲ့ construct တွေနဲ့ အလုပ်လုပ်သွားကြတာပါပဲ။ အဲဒီ IF ... THEN... ELSE တစ်ခုစီဟာ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေ ကိုယ်စီရှိကြတဲ့ keywords တွေပါပဲ။ ကိုယ်သုံးတဲ့ programming language က ကြိုလုပ်ပေးထားတာပါ။ programming language တိုင်းမှာ IF ... THEN... ELSE တွေ ပါကြတာချည်းပါပဲ။ သူတို့ အလုပ်လုပ်ပုံကလဲ သာမန်လူတွေသုံးတွေ ဘာသာစကားက အဓိပ္ပာယ်အတိုင်းပါပဲ။ ကိုင်း.....နမူနာလေးတွေကို ကြည့်လိုက်ရင် ရှင်းသစွားကြမှာပါ။
"C", C++, Java, Perl နဲ့ဆိုရင် ....
if (condition) {
statements
} else {
else_statements
}
Pascal နဲ့ဆိုရင် ....

if (condition) then
begin
statements
end;
Oracle PL/SQL နဲ့ဆိုရင် ....

if (condition) then
statements
else
statements
end if;
Basic နဲ့ဆိုရင် ....

If condition Then
statements
Else
statements
End If
TASL နဲ့ဆိုရင် ....
IF THEN
အဲဒီ နမူနာတွေမှာပြထားတဲ့အထဲက condition ဆိုတဲ့ အပိုင်းထဲမှာ boolean expression တွေပါဝင်မှာပါ။
variable တွေလဲပါနေမှာပါ။ အဲဒါတွေ ပါနေတဲ့ အခြေအနေရဲ့ TRUE နဲ့ FALSE ကို ကြည့်ပြီးတော့မှ သူ့နောက်က statement ကို အလုပ်လုပ်စေတာပါပဲ။ if (condition) then statements ဆိုတာ ... အကယ်၍ condition ဟာ TRUE ဆိုရင် statement ကို အလုပ်လုပ်ဖို့ခိုင်းထားတာ ပါပဲ။ အကယ်၍ condition ဟာ FALSE ဖြစ်နေတ်ဆိုရင် else နောက်က statement ကိုပဲ အလုပ်လုပ်ခိုင်တော့မှာပါ။ တစ်ကယ် အလုပ်လုပ်တဲ့ program နမူနာလေးတွေကို တစ်ချက်လေ့လာကြည့်ကြရအောင်။
"C" or C++ နဲ့ဆိုရင် ....

#include ;
main() {
int department;
department = 5;
if (department == 5) {
printf("Employees should be paid more than 25,000");
} else {
printf("Employees should be paid exactly 40,000");
}
}
Perl နဲ့ဆိုရင် ....
$department = 5;
if ($department == 5) {
print "Employees should be paid more than 25,000";
} else {
print "Employees should be paid exactly 40,000";
} Oracle PL/SQL နဲ့ဆိုရင် ....
BEGIN
DECLARE department INTEGER;
department = 5;
IF (department = 5) THEN
DBMS_OUTPUT.PUT_LINE('Employees should be paid more than 25,000');
ELSE DBMS_OUTPUT.PUT_LINE('Employees should be paid exactly 40,000');
END IF;
END; Java နဲ့ဆိုရင် ....
class myexample
{
public static void main (String args [])
{ int department = 5;
if (department == 5) { System.out.println ("Employees should be paid more than 25,000");
} else { System.out.println ("Employees should be paid exactly 40,000");
} } }
SQL နဲ့ဆိုရင် ....
SELECT salary FROM employees_table WHERE department = 5;
TASL နဲ့ဆိုရင် ....
5 print "Enter Department ... "; 10 input d 20 IF d=5 THEN print "Employees should be paid more than 25,000" 30 IF d=4 THEN print "Employees should be paid exactly 40,000"

1 comment:

  1. အဆက်ရှိသေါ်ရင်တင်ပေါ်ပါအုါံ်

    ReplyDelete