Saturday, January 5, 2013

ပညာ တတ်ဖို. ကအဓိက လား ချမ်းသာဖို. ကအဓိကလား

ဒီဖက်ခေတ်ကြီးမှာ ပညာတက်ဖြစ်ဖို့ပိုမိုလိုအပ်လာ
တယ်ဆိုတာ
ငြမ်းစရာမလိုပါဘူး။ သို့ပေမယ့် ပြော စရာဖြစ်လာတာ တစ်ခုက
ပညာတက်တာနဲ့ချမ်းသာတာ ဟာ ဘယ်လို ဆက်စပ်နေသလဲဆိုတဲ့ အချက် ပဲဖြစ်ပါတယ်။
ပညာ တက်ကြီးဖြစ်အောင်လုပ် ၊ ပြီးရင် လခ ကောင်းကောင်းရတဲ့ အလုပ်တစ်ခု ကို
လျှောက်။ ဒါမှ တစ်ဘ၀စာ လုံခြုံ စိတ်ချရမှာ။ ဒီလို...ရိုးရှင်းတဲ့
အတွေးတွေ ကို ကျွန်တော်တို့ ပြန် လည် သုံးသပ်ဖို့လိုနေပါပြီ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပဲဖြစ်ဖြစ်။ ကမ္ဘာ့မျက်နှာစာမှာပဲဖြစ်ဖြစ်
ချမ်းသာ နေကြတဲ့သူတွေ ဟာ ပညာအလွန်အမင်းတတ်နေကြတဲ့သူတွေ ဟုတ်မနေကြပါဘူး။
အဲဒါက ဘာကိုပြဆိုနေသလဲဆိုရင် ပညာတက် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို
ကျွန်တော်တို့နည်းနည်းပြုပြင်ဖို့ လိုနေပြီဆိုတာပါပဲ။ ကျွန်တော်တို့
ငယ်စဉ်ကတည်းက တစ်ထစ်ချယူဆခဲ့တဲ့ပညာတက်ဆိုတာ ဘွဲ့ တွေ အများကြီးရတဲ့သူတွေ
၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေ တစ်ပြုံကြီးထွေးပိုက်ထားတဲ့သူတွေ။ ဒေါက်တာ
၊ အင်္ဂျင်နီယာ၊ စစ်ဗိုလ်၊ ပိုင်းလော့၊ကွန်ပြူတာ ပညာရှင် စသည်ဖြင့်
သတ်မှတ်ထားခဲ့ကြတာပါ။ ကျောင်း မှာအမှတ်နည်းလို့ အဆင့်ကျသွားရင်
မေမေပြောနေကျစကားတစ်ခွန်းက ကျွန်တော်တို့ကို အခုအချိန်အ
ထိစိုးမိုးချိမ်းခြောက်နေဆဲပါပဲ။ သား ..ကျောင်းမှာ
အမှတ်များများရအောင်လုပ် အဆင့်တွေ ကောင်း
အောင်လုပ် ဒါမှ သားကျောင်းကောင်းကောင်းတက်လို့ရမှာ ။ လူ့အောင်မကျို့
ရမှာ။ ချမ်းချမ်းသာသာနဲ့
နေနိုင်မှာ။
အဲလိုမှ မဟုတ်ရင် ကျွန်တော်တို့ဟာ တစ်ဘ၀လုံးမျက်နှာငယိငယ်နဲ့ ပဲ
အောက်ကျို့ နေသွားရတော့မလို
လို။ ဒါတင်မက ဘူး။ ကျွန်တော်တို့နေစဉ်ဖြစ်တည်နေမှု ဘ၀မှာ အဓိက
အကျဆုံးအရာတစ်ခုအဖြစ် ပညာရေးက နေရာယူခဲ့တာကြာပါပြီ။
သက်တောင့်သက်သာနေထိုင်နိုင်ကြဖို့ ပူပင်ကြောင့်ကျမှု ကင်း
ကင်းနဲ့နေထိုင်နိုင်ကြဖို့ ဆိုတာ ပညာတက်ဖြစ်ဖို့ က ၁၀၀
ရာခိုင်နှုန်းအရေးကြီးနေသလို ကျွန်တော် တို့တတွေရဲ့ အတွေးစိတ်တွေထဲမှာ
ကျောင်းသားဘ၀က ယခုအချိန်အထိနေရာယူစိုးမိုးထားတုန်းပါ
ပဲ။ လူတွေ အလုပ်လျှောက်တဲ့နေရာမှာ ။ ဒါမှမဟုတ်ရင် ထိမ်းမြားလက်ထပ်
မင်္ဂလာပွဲတွေမှာ ဒီပညာ
တက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပျော်ပျော်ကြီးထုတ်သုံးတတ်ကြတာလည်း ကျွန်တော်တို့
အသိပါပဲ။ နောက်
တစ်ချက် အဆိုးဆုံးကတော့ လူတစ်ယောက်ချင်းစီရဲ့ တန်ဖိုးကို
သူ့ပညာအရည်အချင်းနဲ့ ဆုံးဖြတ် လိုက်ကြတတ်တဲ့ သဘောတရားကို
ကိုင်ဆွဲမိလာကြလို့ပါပဲ။
ပညာဂုဏ်၊ငွေဂုဏ် ယှဉ်ပြိုင်ကြခြင်းဟာ မြန်မာတို့
ယဉ်ကျေးမှုတစ်ခုလိုဖြစ်လို့နေပါပြီ။ သူကဘာ။ သူ့ယောက်ျား(ဒါမှမဟုတ်)
သူ့မိန်းမက ဘာ။ သူတို့သားသမီးတွေက ဘာတွေ ။ ဘယ်နိုင်ငံမှာ ။ စသည်ဖြင့်
မရိုးနိုင်အောင်ကြွားဝါမှုတွေ ကလည်း နေ့စဉ်နဲ့ အမျှ
နားမဆန့်နိုင်အောင်ကြားနေရတဲ့ စကားလုံးတွေ ပါပဲ၊

စစ်တမ်းတစ်ခု ရဲ့ပြဆိုချက်ထဲမှာ ကျောင်းမှာ စာအတော်ဆုံးဖြစ်တဲ့ ဂရိတ် .(
အေ) ရတဲ့သူတွေ ဟာ နောင်တစ်ချိန်မှာ စာအညံ့ဆုံးဖြစ်တဲ့ ဂရိတ် ( စီ )
ရတဲ့ကျောင်းသားတွေ ရဲ့ခိုင်းတာကို ခံကြရ တယ် ၊ အလယ်အလတ်ဖြစ်တဲ့ ဂရိတ် (
ဘီ)တွေကတော့ အစိုးရ၀န်ထမ်းတွေ အများဆုံးဖြစ်ကြပါ တယ်..လို့ဆိုပါတယ်။ (
ဆင်းရဲ ဖေဖေ နဲ့ ချမ်းသာဖေဖေ စာအုပ် မှ ကောက်နှုတ်ပါသည်။ ) ..ဆိုတော့
ကျွန်တော်တို့ဟာ ကျောင်းမှာ စာအတော်ဆုံးဖြစ်ဖို့တောင်
ထိတ်လန့်လာရမလိုဖြစ်နေပါတယ်။ DSA ကျောင်းဆင်းဖြစ်တဲ့ ဦးသန်းရွှေဟာ
စစ်တက္ကသိုလ် ကျောင်းသားဘ၀ကတော်တော်ညံ့တယ် လို့ပြောကြပါတယ်။ ဒါပေမယ့်
သူရဲ့ ရိုးရှင်းရက်စက်တဲ့ နည်းပညာတွေကပင်လျှင် ဘယ်သူတစ်ဦး တစ်ယောက်မှ
ကြိုတင်ခန့်မှန်းထားလို့မရတဲ့ ဗျူဟာမြောက်လုပ်ငန်းစဉ်တွေကို ဆွဲချအကောင်
အထည် ဖော်သွားခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ ပဲဖြစ်ပါတယ်။

စီးပွားရေးနိုဗယ်ဆုကို ရရှိထားတဲ့ စီးပွါးရေးပညာရှင်ဟာ ကမ
္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လို့မနေပါဘူး
ဒါကြောင့် စီးပွါးရေးပညာကိုလည်းတစ်ဖက်ကမ်းခက်အောင်တက်မြောက်နေစရာ မလိုဘူးဆိုတာ ကို
ကျွန်တော်တို့လေ့လာတွေ့ရှိနိုင်ပါတယ်။ တစ်ချို့ ကျောင်းသားတွေ ကို
ကျွန်တော်တို့တွေ့ နေရပါတယ်
မြန်မာနိုင်ငံမှာ ပါရဂူ ဘွဲ့  ယူပြီးသွားလို့ ဘာဘွဲ့ မှ ယူစရာမကျန်တော့
နိုင်ငံခြားကို ထွက်သွားပြီး နိုင်ငံ
ခြားက ဘွဲ့တွေကို သွားယူပါတယ်။ သူ့အရွယ် က ၄၀ နားကပ်နေပါပြီ။
ဘယ်အရွယ်ရောက်မှ သူသင် ထားတဲ့ ပညာတွေ ရဲ့အကျိုးကျေးဇူးကို
ခံစားမယ်ဆိုတာကို တောင်မေးခွန်းပြန်ထုတ်ရမလိုဖြစ်နေပါ
တယ်။ ဒါကလည်း ထည့်သွင်းစဉ်းစား စရာတစ်ချက်ဖြစ်ပါတယ်။

ဒါဖြင့်ရင် ပညာတက်ဖို့ မလိုဘူးလားဆိုတော့လည်းမဟုတ်သေးပါဘူး။
ကျွန်တော်တို့ပညာ သင်ယူ တဲ့ နေရာမှာ ဘာကြောင့်ဒီပညာကို သင်ယူနေရတယ။်
ဘာလုပ်ဖို့သင်ယူနေရတယ် ဆိုတာမျိုးကို
ကျွန်တော်တို့ကိုယ်တိုင် ခွဲခွဲခြားခြားရှင်းရှင်းလင်းလင်း
သိထားဖို့လိုတယ်။ ဆင်းရဲဖေဖေနဲ့ ချမ်းသာဖေ ဖေ ဆိုတဲ့ စာအုပ်ပါ
အချက်အလက်တွေ အရ ကျွန်တော်တို့ဟာ ကျောင်းမှာ ပညာသင် ယူ နေကြတာ ဟာ
နောင်တစ်ချိန်မှာ အလုပ်ကောင်းကောင်းတစ်ခုရဖို့ သူများခိုင်းစေတာကို
တစ်ဝေ မသိမ်းလိုက်နာဆောင်ရွက်တတ်စေဖို့သက်သက် ဖြစ်နေကြပါတယ်...တဲ့။ အဲဒီ
သဘောတရားကို ကျွန်တော်တို့က နောင်တစ်ချိန်မှာ လူတွေကို ဘယ်လို
အုပ်ချုပ်ဖို့ ဘယ်လို စာရင်းအင်းသဘော တရား တွေ ငွေဝင်ငွေထွက်
စည်းမျဉ်းဥပဒေတွေ ကိုနားလည်ဖို့ ထိမ်းသိမ်းပြီး
စီးပွါးရေးလုပ်ငန်းကြီးတွေ ကို တည်ထောင်ဖို့ စာသင်နေကြတာ ...ဆိုတဲ့
အခြေခံအတွေးအမြင် လေး တွေက စပြီးပြောင်းလဲသင့်တယ် လို့ဆိုပါတယ်။
အဲဒီအချက် ဟာ ကျွန်တော်တို့ ပညာသင်ယူနေရာမှာ
အရေးအကြီးဆုံးလို့ခေါ်ဆိုနိုင်တဲ့ သော့ချက်ဆိုတာကို ကျွန်တော်တို့
ငြင်းနိုင်မှာ မဟုတ်ပါဘူး။

No comments:

Post a Comment