Saturday, January 5, 2013

အန္တရာယ်ကင်းသစ္စာ

အခုဆိုရင် ကမ္ဘာကြီးရဲ့ နိုင်ငံအနှံအပြားမှာကော..မြန်မာနိုင်ငံမှာပါ။
ဘေးဆိုးကပ်ဆိုးတွေ ကျရောက်နေပါတယ်။ သဘာဝကြောင့်ပဲဆိုဆို…
မင်းကြောင့်ပဲပြောပြော..သေချာတာကတော့ မိမိပြုလုပ်ထားတဲ့ ကုသိုလ်ကံစေတနာ
နှင့် သစ္စာတရားကသာ မိမိဘ၀ကို ကယ်တင်နိုင်မှာပါ။ ဒါကြောင့်
အန္တရာယ်ကင်းစေနိုင်ဖို့အတွက် သစ္စာ ဆိုလို့ ရပါတယ်။ သစ္စာဆိုတာကလည်း
အမှန်တရားကို ပြောတာပါ။ သစ္စာမှာ (၂) မျိုးရှိပါတယ်။
(၁) သမုတိသစ္စာ
(၂) ပရမတ္ထသစ္စာ
တို့ ဖြစ်ပါတယ်။ သဘောကတော့ ယေဘုယျအားဖြင့်မှန်ကန်သော သစ္စာ နှင့် အမြဲထာဝရ
မှန်ကန်သောသစ္စာ တို့ ဖြစ်ပါတယ်။ အန္တရာယ်ကင်းသစ္စာ ကတော့ ပရမတ္ထသစ္စာ
မျိုးဖြစ်ပါတယ်။ ယုံကြည်စွာ ရွတ်ဆိုနိုင်ပါက အမှန်တစ်ကယ်ပင်
အကျိုးရှိလာမည်ဖြစ်ပါသည်။။
အန္တရာယ်ကင်းသစ္စာ
က။ ဘ၀ သောတံ သစေ ဗုဒ္ဓေါ ၊ တိဏ္ဏော လောကန္တဂူ ၀ိဒူ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဒုက္ခာ မုစ္စ န္တု ပါဏိနော ။
မြတ်စွာဘုရားသည် ဘ၀ရေယဉ်ကို ကူးမြောက်ခဲ့ပြီးဖြစ်၍ လောက၏အဆုံးသို့
ရောက်လျှက် လောက ကို သိသော ပုဂ္ဂိုလ်သည် အကယ်၍ဖြစ်အံ ၊ဤကဲ့သို့
ဖြစ်သည်ရှိသော် ဤမှန်ကန်သော သစ္စာစကားကို ဆိုခြင်း ကြောင့်
သတ္တ၀ါအားလုံးတို့သည် ဆင်းရဲဒုက္ခအပေါင်းမှ
ကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်း ……။
ခ။ ယဒိ သန္တိ ဂမော မဂ္ဂေါ ၊မောက္ခော စစ္စန္တိကံ သုခံ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဒုက္ခာ မုစ္စ န္တု ပါဏိနော ။
မဂ်သည် နိဗ္ဗာန်သို့ရောက်ကြောင်း တရားဖြစ်၍ နိဗ္ဗာန်သည်လည်း
ဧကန်စင်စစ် ချမ်းသာသော တရား သည် အကယ်၍ဖြစ်အံ။ ၊ဤကဲ့သို့ ဖြစ်သည်ရှိသော်
ဤမှန်ကန်သော သစ္စာစကားကို ဆိုခြင်း ကြောင့် သတ္တ၀ါအားလုံးတို့သည်
ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်း ……။
ဂ။ သံဃော စေ တိဏ္ဏ ကန္တာရော ပုညက္ခေတ္တော အနုတ္တရော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဒုက္ခာ မုစ္စ န္တု ပါဏိနော ။
သံဃာတော်တို့သည် သံသရာခရီးခဲကို ကူးမြောက်ပြီးဖြစ်၍ အတုမရှိသော
ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် အကယ်၍ဖြစ်အံ။
၊ဤကဲ့သို့ ဖြစ်သည်ရှိသော် ဤမှန်ကန်သော သစ္စာစကားကို ဆိုခြင်း ကြောင့်
သတ္တ၀ါအားလုံးတို့သည် ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးလွတ်မြောက်နိုင်
ကြပါစေကုန် သတည်း ……။
သစ်လွင်စိုး မှ ထပ်ဆင့်ကုသိုလ်တရားလက်ဆင့်ကမ်းပါသည်။

No comments:

Post a Comment