Saturday, January 5, 2013

နှစ်တထောင်စိတ်ကူး


တို့တတွေ စိုက်ခဲ့တဲ့သစ်ပင်လေးလည်း ကြီးထွားလာပီ
နှစ်တွေကလည်း ကြာခဲ့ပီ
သစ္စာတရာ ဦးထိပ်ထားခဲ့ကြတဲ့ တို့တတွေ
တိုင်တည်ခဲ့ကြတဲ့ ဤသစ်ပင်လေး
ကြီးထွားလာခဲ့ပီလေ
ချစ်သူ မင်းသား ပြန်မလာနိုင်သေးပါ
ချစ်သူ မင်းသမီးလေး စောင့်မျှော်နေဆဲပါလေ
သိနိုင်ပါ့မလား
ဘုရင်စစ်သည် တွေနှင့်အတူပါသွားခဲ့ပါသောသူ
အပြန်စောင့်မျှော်ရတာ မောလှပေါ့လေ
အားလုံးအပြန် သူပြန်မပါလာခဲ့ပါ

နှစ်တွေလည်းကြာခဲပီလေ ကတည့်တွေကိုတည်ကြသူများ
တစ်ယောက်ထွက်ခွာချိန် တစ်ယောက်မသိ
နှစ်ယောက်လုံးသာ ထွက်ခွာသွားပါတော့လည်း
ချစ်သူမင်သမီး ချစ်သက်သေ သစ်ပင်လေးမှာ
မျှော်နေဆဲပါ လေ
ချစ်သူမင်းသား လေးလည်း ချစ်သက်သေ သစ်ပင်လေးသို့
လှန်းလာဆဲပါ
ကံကအချစ်စမ်းတော့ ချစ်သူမင်းသား အပြန်လမ်းလေး
ပျောက်နေပေါ့ကွယ်
ကိုးရာ ကိုးဆယ့် ကိုးနှစ် ကြာခံပီလေ
နှစ်တစ်ထောင်ပြည့် ချစ်သူမင်းသားလေး လေနှင့်အတူ
ချစ်သက်သေ သက်ပင်ပေါ်သို့ ဆင်းတက်လာပေါ့လေ
ချစ်သူမင်းသမီးလေးရဲ့ မျက်ရည် လေးကိုသုတ်ပေးရင်းပေါ့...

No comments:

Post a Comment