ခုဆိုရင် အွန်လိုင်းရေဒီယိုတွေတော်တော်ခောတ်စားလာပါပြီ။
ဆိုက်ဒ်တော်တော်များများ ဖွင့်လိုက်ရင် ရေဒီယိုလေးလာနေတာ
သဘောကျစရာပါပဲဗျာ။ တခါတလေ သူများ Blog စာမျက်နှာရောက်သွားရင်
သီချင်းကောင်းနေရင် မပြန်နိုင်ဖြစ်နေတက်တယ်ဗျ။ အဲဒီအခါကျ
သူနေရာလေးမှာ အကြာကြီးနေဖြစ်သွားရော။ အဲဒါကတော့အားသာချက်ပေါ့။
ပြီးတော့ ရေဒီယိုဆိုပေမဲ့ သီချင်းကောင်းတွေချည်းလွှင့်ပေးနေတော့ မိုက်တာပေါ့။
ထည့်ရတာလည်းလွယ်ပါတယ်။ html code လေးတွေကို add text နေရာမှာ
ထည့်ပြီး save ထားလိုက်ရုံပါပဲ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ
ကျွန်တော် Note pad နဲ့ သိမ်းထားတာလေးတွေ upload လုပ်ပေးလိုက်တယ်။
ကြိုက်တာကို click ပြီး ကုတ်ဒ်တွေကို copy ရယူနိုင်ပါတယ်။
အဖြူရောင်သံစဉ်
အိပ်မက်လှိုင်း
just music radio
mymc radio
အိမ်မက်လှိုင်း Radio(EML)
ကို အစမ်းအဖြစ် တင်ပြလိုက်ပါတယ်။ကျွှန်တော်. Blog ထဲမှာ
ထည့်ထားတဲ့ ရေဒီယိုလိုင်းပါ။ ကျန်တာတွေလဲကောင်းပါတယ်ဒီလိုလေးလာနေမှာပါ။
,ယခုလက်ရှိအွန်လိုင်းပေါ်မှာ ခောတ်စားလာသော မြန်မာ့အွန်လိုင်းရေဒီယို ဆိုဒ်လေးတွေပါ။
၁။ ဗုဒ္ဓ FM Radio
၂။ Just Music Radio(JMR)
၃။ အိမ်မက်လှိုင်း Radio(EML)
၎။ အဖြူရောင် သံစဉ် Radio(APYTZ)
၅။ Myanmar Youth Media Club Radio(MYMC)
၆။ Yet Another Myanmar Community Radio(YAMC)
၇။ 95.1 Street FM Radio
၈။ သံစဉ်လှိုင်း Radio
၉။ Australia Myanmar Youth Community
ခင်မင်လေးစားလျှက်....
သစ်လွင်စိုး(နည်းပညာ)
နည်းပညာ များသည် ဆိုက်ပေါင်းဆုံမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ...
Tuesday, January 8, 2013
မိမိ blog စာမျက်နှာတွင် သီချင်း Box လေး တင်ကြရအောင်
မိမိ blog စာမျက်နှာတွင် သီချင်း Box လေး တင်ကြရအောင်
Ning.com တွေကို ၀ယ်ကြရတော့ သီချင်း Box လေးတွေ စာမျက်နှာအသီးသီးမှာ ပျောက်သွားတာကို အားလုံးက နှမျှောတသတဲ့အထဲမှာ လွမ်းလဲ အပါအ၀င်ပါ…
ဒါပေမဲ့
သီချင်းလေးတွေကို နားထောင်ပြီး လွမ်းနေတတ်တဲ့ လွမ်းကတော့ သီချင်း Box
လေးကို ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ ရွေးပြီး ပြန်တင်ခဲ့ပါတယ်…
ဘယ်လိုလုပ်တာလဲလို့  လာမေးသူတွေအတွက် လုပ်ပုံအဆင့်ဆင့်လေးကို တင်ပြပါမယ်…
ပထမပိုင်းအနေနဲ့  ကိုယ်ထည့်ချင်တဲ့ သီချင်းရဲ့ URL ကို ရယူတာကို ရှင်းပြပါမယ်...
၁။ http://www.fileden.com/ မှာ Sign Up လုပ်ရပါမယ်…
၂။ Member ဖြစ်သွားပြီဆိုရင် Upload ကို Click လုပ်ပါ… Continue to file uploader ကို Click လုပ်ပါ…
၃။ Browse
Files ကို Click လုပ်ပြီး မိမိတင်လိုသောသီချင်းကို ရွေးချယ်ပါ… ပြီးရင်
Start upload လုပ်ပြီး သီချင်းတင်ပါ… သီချင်းများကို
မိမိနှစ်သက်ရာအရေအတွက်ကို တပြိုင်တည်း တင်နိုင်ပါတယ်…
၎။ Files
ကို Click လုပ်ရင် မိမိတင်ထားသောသီချင်းများကို တွေ့ မြင်ရမှာပါ…
သီချင်းပေါ်မှာ Right Click လုပ်ရင် Shortcut Menu Box ပေါ်လာပါလိမ့်မယ်…
Properties ကို Click လုပ်ပါ… URL ကို Click လုပ်ပါ…
၅။ ပေါ်လာတဲ့Box မှာ သီချင်းရဲ့ URL ကို Copy ကူးထားပါ…
ဒုတိယပိုင်းအနေနဲ့  Music Box ပြုလုပ်တာကို ရှင်းပြပါမယ်...
၆။ http://www.mixpod.com မှာ Sign Up လုပ်ပါ… ၀င်လို့ ရသွားပြီဆိုရင်တော့ Add URL ကို Click လုပ်ပါ…
၇။ အဆင့်(၅)မှ မိမိတင်လိုတဲ့ သီချင်း Copy ကူးထားတဲ့ URL ကို Paste လုပ်ပါ… Artist နဲ့  Title တွေကို ထည့်ပေးရပါမယ်… ပြီးရင် Add Track လုပ်ပါ…
Music Box တွင် ထည့်လိုသော သီချင်းတစ်ပုဒ်ချင်းစီရဲ့ URL ကို ထည့်ပြီး Add Track Click လုပ်ရပါမယ်…
၈။ ပြီးရင် အဆင့်-၂ အနေနဲ့  Customize Click လုပ်ရပါမယ်…
Skin, Colors & Styles, နဲ့  Settings တို့ ကို ပြုလုပ်ပေးနိုင်ပါတယ်…
၉။ အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ အဆင့်-၃ အနေနဲ့  Save Playlist ကို Click လုပ်ရပါမယ်…
Playlist
Title ကို ထည့်ပေးရပါမယ်… ပြီးမှ Save (get code) ကို Click ပြုလုပ်ပါက
ပေါ်လာတဲ့ Box ထဲမှ Code ကို ယူပြီး မိမိ blog က မှာ
Paste ပြုလုပ်ပေးရပါမယ်…
Player
မပေါ်သူများအတွက် Save (get code) ကို Click ပြုလုပ်ပါက ပေါ်လာတဲ့ Box ထဲမှ
Other Sites ဆိုတာကို ရွေးချယ်ပြီး Click လုပ်ပါ... အဲဒီတော့မှ ပေါ်လာတဲ့
Box ထဲမှ Code ကို ယူပြီး မိမိစာမျက်နှာထဲမှ Add Text Box မှာ Paste
ပြုလုပ်ပေးရပါမယ်…
အနော်တင်ပြခဲ့တဲ့ လုပ်ပုံလုပ်နည်းက မိမိနှစ်သက်တဲ့သီချင်းကို တင်တဲ့နည်းပါ…
Website မှာရှိပြီးသီချင်းကိုတော့ + လုပ်ပြီး ပေါင်းထည့်သွားရုံပါပဲ…
အားလုံးအဆင်ပြေပြေနဲ့  ထည့်နိုင်ကြပါစေ…
Monday, January 7, 2013
ပုံပြောကောင်းတဲ့ လူငယ်လေးယောက်
ဟိုးမတိုမရှည်တုန်းကပေါ့ဗျာ။
ရွာတစ်ရွာမှာ (ဘယ်ရွာလဲတော့ မမေးနဲ့ဗျာ) အဲဒီရွာမှာ ပုံပြင်အပြောကောင်းတဲ့
လူငယ်လေးယောက်ရှိတယ်။ အဲဒီလူငယ်လေးယောက်ဟာ သူတို့ရွာရောက်လာတဲ့ လူတွေကို
ယုံတမ်းပုံပြင်တွေပြောပြီး ပါလာသမျှ ပစ္စည်းတွေ လှည့်ပတ်လိမ်ညာယူလေ့ရှိတယ်။
တစ်နေ့ သူတို့ရွာကို ဝတ်ကောင်းစားလှနဲ့ လူတစ်ယောက် ရောက်လာပါတယ်။
ရွာထိပ်က ဇရပ်မှာ ဟိုလိုလို ဒီလိုလို စနည်းနာနေတဲ့ အဲဒီ လူစိမ်းဆီကို လူငယ်လေးယောက်ကလည်း မအူမလည်နဲ့ ရောက်သွားတော့တယ်။
လူငယ် (၁) ။ ။ ဟေ့လူ ဘယ်ကလာတုန်းဗျ...
လူစိမ်း။ ။ အင်း... တစ်နေရာရာကပေါ့ဗျာ
လူငယ် (၂) ။ ။ ခင်ဗျားကြည့်ရတာ ပုံပြင်တွေ ဘာတွေ အတော်လေး စိတ်ဝင်စားမယ့်ပုံပဲ။
လူစိမ်း။ ။ ပုံပြင်... ဟုတ်လား... ဘာပုံပြင်တွေတုန်းဗျ...
လူငယ် (၃) ။ ။ ယုံတမ်း ပုံပြင်တွေပေါ့ဗျာ
လူစိမ်း။ ။ ဟုတ်လား... ဆိုစမ်းပါဦးဗျာ။ ဘယ်လိုတုန်းဗျ... ပုံပြင်ဆို စိတ်ဝင်စားသား
လူငယ် (၄) ။ ။ အင်း... ဒီလိုဗျာ... ကျွန်တော်တို့တွေ တစ်ယောက်တစ်လှည့်စီ ပုံပြင်ပြောကြမယ်။
လူစိမ်း။ ။ အင်း... အဲဒီတော့
လူငယ် (၁)။ ။ ဒီလိုဗျာ။ သူများပုံပြင်ကိုနားထောင်ပြီးတဲ့အခါ... "မယုံဘူး" လို့ ပြောတဲ့သူက ရှုံးတယ်။
လူစိမ်း။ ။ အော်... "မယုံဘူး" လို့ ဆိုတဲ့သူက ရှုံးတယ်ပေါ့...
လူငယ် (၂)။ ။ ဟုတ်တယ်... တစ်ယောက်တစ်လှည့်စီပြောကြမယ်။ အဲဒီမှာ မယုံဘူးဆိုတဲ့သူက အရှုံးပဲ၊ လောင်းကြေးထပ်ပြီး ပြောကြတာပေါ့။
လူစိမ်း။ ။ အော်... လောင်းကြေးလည်း ပါတာပေါ့... ဘယ်လိုလောင်းမှာတုန်းဗျ...
လူငယ် (၃)။ ။ ကျွန်ခံကြေးဆိုရင်ကော...
လူစိမ်း။ ။ အာ... ဒီခေတ်က ကျွန်ခေတ်မှ မဟုတ်တော့တာ...
လူငယ် (၃) ။ ။ ဒါဆို ဘာကြေးလောင်းမှာတုန်း... ဒီလိုလုပ်ဗျာ... ပါလာသမျှ ရှိသမျှ အကုန်ထားခဲ့ကြေး လောင်းရအောင်ဗျာ။
လူစိမ်း။ ။ ပါလာသမျှ အကုန်... ဟုတ်လား... ဒါဆို အတွင်းခံပါ ချွတ်ပေးခဲ့ရမှာလားဗျ
လူငယ် (၄)။ ။ အာ... အဲဒါတစ်ခုတော့ ချန်ထားလိုက်ပါဗျာ... လူမြင်မကောင်းလို့ပါဗျာ...
လူစိမ်း။ ။ အင်း... ပါသမျှ အကုန်ဆိုပဲ... လောင်းကြေးနဲ့တင် ဖျားသွားလောက်တယ်။
လူငယ် (၁)။ ။ ဖျားသွားတာတွေ၊ နားကားတာတွေ လုပ်မနေနဲ့ဗျာ။ လောင်းမှာလား မလောင်းဘူးလား၊ ဒါပဲပြော...
လူစိမ်း။ ။ အင်း... တစ်ယောက်တစ်လှည့်စီ ပုံပြောကြမယ်။ "မယုံဘူး" လို့ ပြောတဲ့သူက အရှုံး... ဟုတ်လား။
လူငယ် (၂)။ ။ ဒါပေါ့... လောင်းမယ် မဟုတ်လား...
လူစိမ်း။ ။ အင်း... လောင်းတာပေါ့... ကဲ... ခင်ဗျားတို့တွေက ရွာခံလူတွေဆိုတော့ ခင်ဗျားတို့ အရင်စပြောဗျာ...
လူငယ် (၃)။ ။ အင်း... ကောင်းပြီလေ... စတာပေါ့... ဘယ်သူ အရင်စမလဲ...
လူငယ် (၄)။ ။ ဟိုကောင်... မင်းအရင် စပြောကွာ... သေချာပစေနော်...။
လူငယ် (၁)။ ။ ကဲဗျာ...
စပြီ သေချာနားထောင်... ဒီလိုဗျာ... အရှိကို အရှိအတိုင်းပဲပြောမယ်...။
ကျုပ်တို့ရွာမှာပေါ့ဗျာ... ခုဆိုရင် လျှပ်စစ်မီးတွေများ
ထိန်ထိန်ကိုညီးလို့ ၂၄ နာရီ တစ်ရက်၊ ၇ ရက်တစ်ပတ် နီးပါးကို လာတာ။
အိမ်တိုင်း အိမ်တိုင်းလည်း တီဗွီတွေ၊ ပန်ကာတွေ၊ အဲယားကွန်းတွေ၊
ကွန်ပျူတာတွေ အပြိုင်အဆိုင်ဖွင့်ကြ... သုံးကြ... အဲလိုဗျာ... အဲ...
လျှပ်စစ်ဖိုးကလည်း များတယ်မထင်နဲ့နော်... မီတာခကလည်း သက်သာလိုက်တာမှဖြင့်
တစ်လတစ်လကို မူကြိုကလေးမုန့်ဖိုး ပေးသလောက်ပဲ ကျတာ။ အဲလိုဗျာ...
ကျုပ်တို့ရွာကြီးမှာ ဖြစ်နေတာ...။
လူငယ် (၁) က ပြောပြီးတာနဲ့ လူစိမ်းကို လှမ်းအကဲခတ်လိုက်တယ်။ လူစိမ်းက အနည်းငယ် စဉ်းစားဟန်ပြုပြီးတာနဲ့ ပြောတယ်။
လူစိမ်း။ ။ ယုံတယ်ဗျာ။ ယုံတယ်။
ကျန်တဲ့လူငယ် သုံးယောက်ကလည်း "ယုံတယ်" လို့ ပြောကြတယ်။ ဒါနဲ့ ဒုတိယလူငယ်ရဲ့ အလှည့်ရောက်လာတယ်။
လူငယ် (၂)။ ။ အင်း...
ကျွန်တော့်အလှည့်ပေါ့... သေချာနားထောင်နော်... ဒီထက် ပိုပြီးဖြစ်နိုင်တာ
မရှိဘူး။ ဒီလိုဗျာ... အဝေးကြီး မကြည့်ပါနဲ့ ခု... ကျွန်တော်တို့
ရွာကြီးမှာပေါ့ဗျာ... လမ်းပန်းဆက်သွယ်ရေး ဆိုတာ အဆင်ပြေလိုက်တာမှဖြင့်
ပြောမနေပါနဲ့... ရထားတွေဆိုလည်း မြန်မှမြန်၊ သန်မှသန်... ကျည်ဆန်မပြောနဲ့
လျှပ်စီးတောင် လိုက်လို့ဖြင့် မီမယ် မထင်ပါဘူးဗျာ။ ဘတ်စ်ကားတွေဆိုလည်း
အချိန်ကဖြင့် မှန်မှမှန်... ၃ မိနစ်ခြား တစ်စီးစီ လာတာ။ အဲယားကွန်း၊
အဲယားမွန်း... အကုန်အပြည့်အစုံပါပြီးသား။ လေယာဉ်တွေဆိုရင်လည်း
ပြောမနေနဲ့ဗျာ... အချိန်နဲ့အမျှကိုဆိုက်နေတာ။ ဒါကြောင့်လည်း
လေယာဉ်ကွင်းနားမှာဆို ငှက်တွေတောင် မပျံဝံ့တော့ လောက်အောင်ကို ဖြစ်ရတာ။
အဲလိုဗျာ... ကျွန်တော့်ပုံပြင်။
သူလည်း ပြောပြီးတာနဲ့ သူစိမ်းရွာသားကို အကဲခတ်လိုက်တယ်...။
လူစိမ်း။ ။ ယုံပါ့ဗျာ။ အရမ်းအရမ်းကို ယုံပါ့ဗျာ။
ကျန်တဲ့ ရွာခံလူငယ် သုံးယောက်လည်း "ယုံပါတယ်" လို့ ပြောလိုက်ကြတယ်။ ဒါနဲ့ တတိယ လူငယ်ရဲ့ အလှည့်ရောက်လာတယ်။
လူငယ် (၃)။ ။ အင်း... မယုံတဲ့သူ အရှုံးနော်...
လူစိမ်း။ ။ ဟုတ်ပါတယ်ဗျ။
လူငယ် (၃)။ ။ အင်း...
ကျွန်တော်တို့ ရွာမှာပေါ့ဗျာ... ဒီလိုဗျာ... ဆောင်ရွက်စရာအဲ...
စာရွက်စာတမ်း ကိစ္စများ ရှိတယ်ဆိုရင်ဖြင့်နည်းနည်းတော့ ကြာတယ်ဗျာ။
အဲလိုကြာတာကို ကျွန်တော်ဖြင့် နည်းနည်းမှ သည်းခံလို့ကို မရတာ။
လူစိမ်း။ ။ ဘယ်လိုတုန်းဗျ...
လူငယ် (၃)။ ။ ဒီလိုဗျာ...
ကျွန်တော် ရွာကူးလက်မှတ် စာအုပ်လေးသွားလျှောက်တာ...
နှစ်ရက်တောင်ကြာတယ်ဗျာ။ တကယ်ဆို တစ်ရက်တည်းနဲ့ ပြီးရမှာ။
ဒါတင်မကပါဘူးဗျာ။ ကျွန်တော့်တူလေးတစ်ယောက် ရွာသားလက်မှတ် သွားလုပ်တယ်ဗျာ။
လက်ဗွေနှိပ် မှတ်တမ်းယူ ဘာညာတွေအားလုံးလုပ်တာ နေ့ဝက်လောက် ကြာတယ်။ မနက် ၉
နာရီလောက်က လုပ်တာ ညနေ ၃နာရီခွဲမှ ကတ်ပြားလေးထွက်လာတယ်။ တကယ်က နေ့လည် ၁၂
နာရီလောက်ကတည်းက ရသင့်တာ။ ပြီးတော့ ကျွန်တော့်မိန်းမ ရွာသူကြီးဆီမှာ
ထောက်ခံစာသွားယူတာ သူကြီး အိမ်သာတက်နေလို့ ငါးမိနစ်ကြီးများတောင်
စောင့်လိုက်ရတယ်။ အဲလိုဗျာ... နေရာဌာနတွေများ အလုပ်လုပ်တာမှာဖြင့်ဗျာ...
ကြာလိုက်တာ ဒုံးပျံကတောင် အဖေခေါ်ရတယ်။ ကျွန်တော့် ကိုယ်တွေ့ပေါ့ဗျာ။
သူရဲ့ ကိုယ်တွေ့ကို ပြောပြီးတာနဲ့ အဲဒီလူငယ်က သူစိမ်းဧည့်သည်ကို လှမ်းကြည့်လိုက်တယ်။
လူစိမ်း။ ။ အာ... ယုံပါတယ်ဗျာ။ အဟုတ်ကို ယုံတာ... ဒီထက်မြန်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တော့တာ... ယုံတယ်ဗျာ။ ယုံတယ်။
ကျန်တဲ့လူငယ် လေးယောက်ကလည်း "ယုံတယ်" လို့ ပြောကြတယ်။ ဒါနဲ့ စတုတ္ထမြောက် လူငယ်ရဲ့ အလှည့်ကို ရောက်လာတော့တယ်။
လူငယ် (၄)။ ။ အင်း...
ကျုပ်က ကိုယ်တွေ့တော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အဟုတ်ပါဗျာ။ စာစောင်တွေ၊
စာရွက်တွေ၊ မီဒီယာတွေမှာ အတိုင်းသားကိုတွေ့နိုင်၊ ကြားနိုင်နေတာပါပဲဗျာ။
နိုင်ငံခြားက ကျောင်းသားတွေလည်း ခုဒီရွာထဲမှာ လမ်းသလားနေကြတာလည်း
အားလုံးမြင်တဲ့အတိုင်းပဲ မဟုတ်ဘူးလားဗျာ။
လူစိမ်း။ ။ ဟုတ်လား... ဆက်ပါဦးဗျာ။
လူငယ် (၄)။ ။ အဟုတ်ပေါ့ဗျ...
ခုဆို ကျုပ်တို့ရွာကြီးက တက္ကသီလာတွေ၊ စာသင်ကျောင်းတွေဟာဖြင့်
နာမည်ကျော်လွန်းလို့ ဒီပြင့်ရွာတွေကတောင် လာတက်ရတာ...။ လာတက်ရဆို...
ကျုပ်တို့ ရွာက ဘွဲ့ရ ပညာတတ် ဖြစ်မှလည်း ကမ္ဘာ့ရွာကြီးက
အသိအမှတ်ပြုသလိုဖြစ်နေတာကိုးဗျ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက
ထုတ်ပေးတဲ့ စာတီးဖီးကတ် (Certificate) လေးပဲ ရရ၊ ပညာဒါန သင်တန်းတွေက
ပေးတဲ့ ထောက်ခံစာလေးပဲ ရရဆိုပြီး စတူးဒန့်ဗီဆာ (Student Visa) နဲ့ မရမက
လာတက်နေကြတဲ့ ကျောင်းသားတွေကလည်း ပျားအုံ တုတ်နဲ့ ထိုးသလို ရွစိတက်နေ့တာသာ
ကြည့်ကြတော့ဗျာ။ ကဲ... ဒါပဲ ကျွန်တော့်ပုံပြင်က။
သူလည်း ပြောပြီးတာနဲ့ ဧည့်သည် ရွာသားကို လှမ်းအကဲခတ်လိုက်တယ်။
လူစိမ်း။ ။ အဲ... ယုံတယ်ဗျာ... အရမ်းအရမ်းကို ယုံရပါတယ်။ ယုံချင်စရာ... အဲ... တကယ်ကို ယုံတာပါဗျာ။
ကျန်တဲ့ လူငယ်သုံးယောက်လည်း "ယုံတယ်" လို့ ပြောကြတယ်။ ဒါနဲ့ပဲ ဧည့်သည် ကိုလူစိမ်းရဲ့ အလှည့်ရောက်လာတာပေါ့ဗျာ။
လူငယ် (၁)။ ။ ကဲ... ခင်ဗျား အလှည့်ရောက်ပြီ။ မဟုတ်တရုတ်တော့ လုပ်မယ် မကြံနဲ့နော်...
လူစိမ်း။ ။ အင်းပါ... ကဲ… သေချာနားထောင် ဒီလိုဗျ ကျုပ်ပုံပြင်က...
လူငယ် (၂)။ ။ အင်း...
လူစိမ်း။ ။ ဒီလိုဗျာ... ဟိုး တိုတိုတုန်းကပေါ့...
လူငယ် (၃)။ ။ ဟိုးရှည်ရှည်က လုပ်ပါဗျာ...
လူစိမ်း။ ။ အာ... ခုဟာ သိပ်မဝေးသေးဘူးဗျ... ဒီတော့...
လူငယ် (၄)။ ။ ဟေ့လူ... ပြောစရာရှိသာ ပြောပါဗျာ... တိုတိုရှည်ရှည် အဓိက မဟုတ်ပါဘူး...
လူစိမ်း။ ။ အင်း...
ဒီလိုဗျာ... သိပ်မဝေးသေးဘူးပေါ့ဗျာ... လူတစ်ယောက်ရှိတယ်။ သူက အထူး
စပ်စုရေး ဌာနက အရာရှိပေါ့ဗျာ... တစ်နေ့ သူ့ဌာနကို
တိုင်စာတစ်စောင်ယောက်လာတယ်။ သူတို့ရွာကြီးမှာ ကလိန်ကကျစ်မှုတွေ
အတော်လေးထကြွနေတယ်လို့လည်း စာထဲမှာပါတယ်။ အဲဒါကို လုပ်နေတာက လူငယ်လေးယောက်
ဆိုပဲ။
လူငယ်များ။ ။ အော်... ပြီးတော့...
လူစိမ်း။ ။ အဲဒီ
လူငယ်လေးယောက်ဟာဖြင့် ယုံတမ်းပုံပြင်တွေ ပြောပြီး လူတကာကို
ရိုက်စားလုပ်နေတယ် လို့လည်း သိရတယ်။ ဒါနဲ့ပဲ အဲဒီ လူငယ်လေးယောက်ကို
ဖမ်းဖို့ အထူးစပ်စုရေး ဌာနက အရာရှိမင်းကိုယ်တိုင် ရွာထဲမှာ ခြေဆန့်
လိုက်လာရတော့တယ်။ အဲလိုဗျာ... ပြီးတော့ အဲဒီ အရာရှိဆိုတာ တခြားသူ
ဟုတ်ရိုးလား ကျွန်တော်ပဲပေါ့ဗျာ... ဟဲ... ဟဲ... ငှဲ... ငှဲ... ခု
ခင်ဗျားတို့ကို ဖမ်းတယ်။ ပုံပြင်ပြောမှုနဲ့ ဒါပဲ... ယုံတယ်မဟုတ်လား
ကျွန်တော်ပြောတာ...။
လူငယ်များ။ ။ အဲ... အီး... အား... အင်း...
..................................................................
ကဲ... ပုံပြင်လေးကတော့ ဒါပါပဲ။ ယုံယုံ မယုံယုံ အားလုံး ဟိုရောက်မှပဲ ရှင်းကြတော့ဗျာ။
"ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း"
"ရဟန်းတော်များ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း"
(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)
မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း (စင်္ကာပူ))
ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ...
ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြတယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား)
မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။
ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။
ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
“ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြု
ခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ။...
မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ဗဟုသုတအကျိုးငှာရည်ရွယ်၍
မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။ဖတ်ပြီး, သိပြီးသူများ , အတွက် အနူးအညွတ် တောင်းပန်ပါသည်။

တရားတော်များDownloadလုပ်ရန်
တရားတော်များDownloadလုပ်ရန်
အခွေ(၁) ၀ိပဿနာတရားတော်များ
၁။ ယက္ကန်းသည်မလေးအကြောင်း Download၂။ မိမိကောင်းမှုပြု တောင်းဆုပြည့်ပါစေ Download
၃။ သြဃလေးပါးမှလွန်မြောက်သူ Download
၎။ အားလေးပါးမှဘေးလေးပါးသို့ Download
၅။ သောတာပန်နှင့်ပုထုစဉ်ထူးခြားပုံ Download
၆။ ဘုရားအဆုံးအမလိုက်နာကြ Download
၇။ လမ်းမှန်ကိုလျှောက်စေချင်(၁) Download
၈။ လမ်းမှန်ကိုလျှောက်စေချင်(၂) Download
၉။ လမ်းမှန်ကိုလျှောက်စေချင်(၃) Download
၁၀။ ဝေဒနာရှုပုံ Download
၁၁။ ၀ိပဿနာအကြောင်းသိကောင်းစရာ Download
၁၂။ သစ်တုံးကြီးရေမျှောပမာ Download
၁၃။ ၀ိပဿနာတရား(၁) Download
၁၄။ ၀ိပဿနာတရား(၂) Download
၁၅။ ၀ိပဿနာတရား(၃) Download
၁၆။ ၀ိပဿနာတရားအကျိုးများ(၁) Download
၁၇။ ၀ိပဿနာတရားအကျိုးများ(၂) Download
၁၈။ ဣနြေ္ဒငါးပါးအဆင့်ဆင့်အား(၁) Download
၁၉။ ဣနြေ္ဒငါးပါးအဆင့်ဆင့်အား(၂) Download
၂၀။ ဣနြေ္ဒငါးပါးအဆင့်ဆင့်အား(၃) Download
၂၁။ ဣနြေ္ဒငါးပါးအဆင့်ဆင့်အား(၄) Download
၂၂။ ဣနြေ္ဒငါးပါးအဆင့်ဆင့်အား(၅) Download
၂၃။ ဣနြေ္ဒငါးပါးအဆင့်ဆင့်အား(၆) Download
အခွေ(၂) 2011 စင်ကာပူဝိပဿနာစခန်း၌ ဟောကြားသော ၀ိပဿနာတရားတော်များ
၁။ ၀ိပဿနာဘာကြောင့်အားထုတ်သင့်သလဲ (၁) Download၂။ ဒိဌိဖြုတ်အလုပ်ပေးတရားတော် (၁) Download
၃။ ၀ိပဿနာဘာကြောင့်အားထုတ်သင့်သလဲ (၂) Download
၎။ ၀ိပဿနာဘာကြောင့်အားထုတ်သင့်သလဲ (၃) Download
၅။ ၀ိပဿနာဘာကြောင့်အားထုတ်သင့်သလဲ (၄) Download
၆။ ဒိဌိဖြုတ်အလုပ်ပေးတရားတော် (၂) Download
၇။ ဒိဌိဖြုတ်အလုပ်ပေးတရားတော် (၃) Download
၈။ ဒိဌိဖြုတ်အလုပ်ပေးတရားတော် (၄) Download
၉။ ရှုမှတ်သိမြင် မဂ်ဖိုလ်ဝင် (၁) Download
၁၀။ ရှုမှတ်သိမြင် မဂ်ဖိုလ်ဝင် (၂) Download
၁၁။ လိုက်နာရှုပွားလွန်ထူးခြား Download
၁၂။ နလုံးသွင်းမှန်မှ မဂ်ဖိုလ်ရ Download
၁၃။ မြတ်ဗုဒ္ဓရဲ့မြတ်ဓမ္မ (Infomatics Center) Download
၁၄။ ၀ိပဿနာတရားလွန်ကျိုးများ (Infomatics Center) Download
၁၅။ မြစ်ထဲမျောပါသစ်တုံးကြီးပမာ (Infomatics Center) Download
အခွေ(၃) ၀ိပဿနာအားထုတ်ရာမှာ သိကောင်းစရာ တရားတော်များ
၁။ တရားတော်-အပိုင်း(၁) Download၂။ တရားတော်-အပိုင်း(၂) Download
၃။ တရားတော်-အပိုင်း(၃) Download
၎။ တရားတော်-အပိုင်း(၄) Download
၅။ တရားတော်-အပိုင်း(၅) Download
၆။ တရားတော်-အပိုင်း(၆) Download
၇။ တရားတော်-အပိုင်း(၇) Download
အခွေ(၄) ၂၀၁၂ Singapore ကိုးရက် တရားစခန်းတွင် ဟောကြားတော်မူသော တရားတော်များ
၁။ ၀ိပဿနာ သိစရာများတရားတော် (၁) Download၂။ ၀ိပဿနာ သိစရာများတရားတော် (၂) Download
၃။ ၀ိပဿနာ သိစရာများတရားတော် (၃) Download
၎။ လိမ္မာယဉ်ကျေးသော ယက်ကန်းသည်မလေး တစ်ယောက်အကြောင်း Download
၅။ ၀ိပဿနာ သိစရာများတရားတော် (၄) Download
၆။ ၀ိပဿနာ သိစရာများတရားတော် (၅) Download
၇။ မေတ္တာမှသစ္စာသို့ တရားတော် Download
၈။ ၀ိပဿနာ သိစရာများတရားတော် (၆) Download
၉။ ၀ိပဿနာ သိစရာများတရားတော် (၇) Download
၁၀။ မြတ်သောမေတ္တာ (၁) Download
၁၁။ ၀ိပဿနာ သိစရာများတရားတော် (၈) Download
၁၂။ ၀ိပဿနာ သိစရာများတရားတော် (၉) Download
၁၃။ မြတ်သောမေတ္တာ (၂) Download
၁၄။ ၀ိပဿနာ သိစရာများတရားတော် (၁၀) Download
၁၅။ ၀ိပဿနာ သိစရာများတရားတော် (၁၁) Download
၁၆။ တောင်ပို့ကြီး ဥပမာ (၁) Download
၁၇။ နိဗ္ဗာန်သို့သွားရာလမ်း - ဦးနိက္ခမ Download
၁၈။ လမ်းလျှောက်ရင်း လမ်းမပျောက်စေချင် - ဦးဥက္ကဋ္ဌ Download
၁၉။ ကြိုတင်ပြင်ဆင် ဘေးရန်စင် - ဦးသုန္ဒရ Download
၂၀။ ၀ိပဿနာ သိစရာများတရားတော် (၁၂) Download
၂၁။ ၀ိပဿနာ သိစရာများတရားတော် (၁၃) Download
၂၂။ တောင်ပို့ကြီးဥပမာ (၂) Download
Subscribe to:
Posts (Atom)